မီးဘေးသင့်သူမျာ

April 14, 2021

အောင်မြေသာစံမြို့နယ်ရှိ မီးဘေးသင့်သူများတွက် အစားအစာနှင့် ငွေကြေးလှူဒါန်း

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ  မီးဘေးသင့်မွတ်စလင်မိသားစုတွေကို   သံဃာ့သမဂ္ဂ ဆရာတော်တွေနဲ့  စိန့်ဂျိုးဇက်ကက်သလစ်သီလရှင်တွေက ဧပြီ ၁၄ ရက်မှာ အတူတကွ သွားရောက်ကာ အစားအသောက်နဲ့ ငွေကြေးတွေ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် ဂေါက်ကွင်း  အနောက်ဘက် ၃ လမ်း  ၇၃ လမ်း နဲ့ ၇၆ လမ်းကြား မြောက်နွားခြံကုန်းမှာ မီးလောင်မှုကြောင့် နေအိမ် ၂၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၆ စု ၊ လူဦးရေ ၁၆၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကာ ရပ်ကွက်ဓမ္မာရုံမှာ ကယ်ဆယ်စခန်းဖွင့်ထားပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပေမယ့် ရပ်ကွက်နေပြည်သူတွေ ကတော့ ပေါ့ဆမီးကြောင့်မဖြစ်နိုင်ပဲ ရှို့မီးဖြစ်တယ်လို့ ယူဆကြပါတယ်။

8 months Ago
Up