နယူးဇီလန်နိုင်ငံတောင်ပိုင်းကျွန်းတကျွန်းက လူကြိုက်များတဲ့ ခရီးသွားမြို့တမြို့မှာ အိမ်တစ်လုံးပေါ်ကို ဇူလိုင် ၉ ရက်က မီးပုံးပျံတလုံး ပျက်ကျခဲ့ပြီးနောက်မှာ အနည်းဆုံးလူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲရိုးတောင်းမြို့ရှိ မော်ဗန်ဖယ်ရီ လမ်းပေါ်မှာ ဒေသစံတော်ချိန်နံနက် ၁၀ နာရီလောက်က ပျက်ကျခဲ့တာလို့ ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လူတယောက်ကတော့ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး တခြားတယောက်က အလယ်အလတ် ဒဏ်ရာတွေ ရရှိခဲ့ကာ ကျန်တဲ့ ၉ ယောက်ကတော့ အသေးစားဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဒီအဖြစ်အပျက်ကို အရေးပေါ် ဝန်ဆောင်မှုတွေ လုပ်ဆောင်နေရဆဲဖြစ်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ချက်ချင်းမရရှိသေးပါဘူး။