မီးပန်းစက်ရုံပေါက်ကွဲ

September 5, 2019

အိန္ဒိယတွင် မီးပန်းစက်ရုံပေါက်ကွဲ၊ သေဆုံးသူ ၂၃ ဦးရှိပြီ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မီးပန်းစက်ရုံပေါက်ကွဲတာကြောင့် သေဆုံးသူ ဦးရေ ၂၃ ယောက်အထိ မြင့်တက်လာတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက စက်တင်ဘာ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဂူဒါစပါမြို့ မီးပန်းစက်ရုံပေါက်ကွဲမှုမှာ အတော်များများ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး ဆေးရုံအသီးသီးကို ပို့ဆောင်ခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ မီးပန်းစက်ရုံဟာ တရားဝင်ခွင့်ပြုချက်ရတဲ့ စက်ရုံလား၊ တရားမဝင် စက်ရုံလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ အိန္ဒိယနိုင်ငံတဝှမ်းမှာ ခွင့်ပြုချက်မဲ့ မီးပန်းစက်ရုံအများအပြားရှိပြီး အဲဒီစက်ရုံတွေဟာ မကြာခဏဆိုသလို လုံခြုံရေးစည်းကမ်း လျော့ရဲကြပါတယ်။ ရှေ့လဆိုရင် အိန္ဒိယမှာ ဒီပါဝလီနေ့ ခေါ် ဒေဝါလီ မီးထွန်းပွဲတော်ကို ကျင်းပမှာဖြစ်ပြီး မရေမတွက်နိုင်တဲ့ မီးပန်းတွေ ပစ်လွှတ်ကြမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အိႏၵိယတြင္ မီးပန္းစက္႐ုံေပါက္ကြဲ၊ ေသဆုံးသူ ၂၃ ဦးရွိၿပီ DVB အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း ပန္ဂ်ပ္ျပည္နယ္မွာ မီးပန္းစက္႐ုံေပါက္ကြဲတာေၾကာင့္ ေသဆုံးသူ ဦးေရ ၂၃ ေယာက္အထိ ျမင့္တက္လာတယ္လို႔ ကယ္ဆယ္ေရးဝန္ထမ္းေတြက စက္တင္ဘာ ၄ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ ဂူဒါစပါၿမိဳ႕ မီးပန္းစက္႐ုံေပါက္ကြဲမႈမွာ အေတာ္မ်ားမ်ား ျပင္းျပင္းထန္ထန္ဒဏ္ရာရၿပီး ေဆး႐ုံအသီးသီးကို ပို႔ေဆာင္ခဲ့ပါတယ္။ ေပါက္ကြဲမႈ ျဖစ္တဲ့ မီးပန္းစက္႐ုံဟာ တရားဝင္ခြင့္ျပဳခ်က္ရတဲ့ စက္႐ုံလား၊ တရားမဝင္ စက္႐ုံလား ဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ အိႏၵိယႏိုင္ငံတဝွမ္းမွာ ခြင့္ျပဳခ်က္မဲ့ မီးပန္းစက္႐ုံအမ်ားအျပားရွိၿပီး အဲဒီစက္႐ုံေတြဟာ မၾကာခဏဆိုသလို လုံၿခဳံေရးစည္းကမ္း ေလ်ာ့ရဲၾကပါတယ္။ ေရွ႕လဆိုရင္ အိႏၵိယမွာ ဒီပါဝလီေန႔ ေခၚ ေဒဝါလီ မီးထြန္းပြဲေတာ္ကို က်င္းပမွာျဖစ္ၿပီး မေရမတြက္ႏိုင္တဲ့ မီးပန္းေတြ ပစ္လႊတ္ၾကမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
2 years Ago
Up