မီးပန်းစက်ရုံ

July 4, 2020

တူရကီတွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၇၃ ဦး ဒဏ်ရာရ

တူရကီနိုင်ငံ ဆက်ခါးယာပြည်နယ်မှာ ဇူလိုင်လ  ၃ ရက်က မီးရှူးမီးပန်း စက်ရုံပေါက်ကွဲမှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ၇၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ တူရကီအာဏာပိုင်တွေက ပြောဆိုပါတယ်။  ဟန်းဒစ်ခရိုင်က မီးပန်းစက်ရုံမှာ မနက် ၁၁ နာရီဝန်းကျင်အချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးသတ်သမားတွေက ကြိုးပမ်းငြှိမ်းသတ်ခဲ့တယ်လို့ ဘေးအန္တရာယ်နဲ့ အရေးပေါ် စီမံခန့်ခွဲမှုရုံးက သတင်းထုတ်ပြန်ပါတယ်။ စက်ရုံပေါက်ကွဲမှု ဖြစ်ရာကို လူနာတင်ယာဉ် ၈၅ စီးနဲ့ ရဟတ်ယာဉ် ၂ စီး စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။  ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးတို့ကလည်း အခြေအနေကို စောင့်ကြည့်ဖို့ ဆက်ခါးယာပြည်နယ်ကို သွားရောက်ခဲ့တယ်လို့ နိုင်ငံပိုင် အနာဒိုလူ သတင်းဌာနမှာ ဖော်ပြပါတယ်။
11 months Ago
Up