မီးပန်းသိုလှောင်ရုံ

May 24, 2018

စပိန်တွင် မီးပန်းသိုလှောင်ရုံ ပေါက်ကွဲ၊ လူ ၁ ဦး သေဆုံး

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း တူရင် ဂါလီစီယာမြို့မှာ မေလ ၂၃ ရက်နေ့က မီးပန်းသိုလှောင်ရုံ ပေါက်ကွဲခဲ့တာကြောင့် လူတဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၇ ဦး ပါဝင်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆိုပါတယ်။ အယ်လ်မွန်ဒို (El Mundo) သတင်းဌာန ဝက်ဘ်ဆိုက်ကတင်တဲ့ ဗွီဒီယိုထဲမှာတော့ မီးခိုးမည်းကြီးတွေ ထိုးတက်နေပြီး လမ်းပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေတာကို မြင်တွေ့ရပါတယ်။
3 years Ago
Up