မီးပဒေသာ

October 28, 2019

တောင်ကြီးမြို့က ပအိုဝ်းရိုးရာ မီးပဒေသာ မီးကြာလှည့်လည်ပူဇော်ပွဲ (ဓာတ်ပုံ)

ပအိုဝ်း ရိုးရာဝါကျွတ်ပွဲ မီးပဒေသာ မီးကြာလှည့်လည်ပူဇော်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ အေးစေတီဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၂၇ ရက်ညက ကျင်းပပါတယ်။ မီးပဒေသာ မီးကြာလှည့်တာဟာ ကျောင်းတကာ နယ်မြေ ၅ ခုပေါင်းပြီး စီတန်းလှည့်လည်ပြီး ပူဇော်တာ ဖြစ်ပါတယ်။ အေးစေတီ မီးပဒေသာ မီကြာလှည့်ပွဲဟာ နှစ်စဉ် သီတင်းကျွတ်လကွယ်ညမှာပြုလုပ်ပြီး တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှာ တရားနာ ရေစက်ချပွဲ ပြုလုပ်ပါတယ်။
ခွန်ရာဇာ
2 years Ago
Up