မီးနေသည်

May 16, 2020

ဘိုလီးဗီးယားတွင် COVID-19 ကူးစက်ခံထားရသည့် မီးနေသည် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်း

ဘိုလီးဗီးယားနိုင်ငံမှာ မကြာမီကမှ ကလေးမွေးထားတဲ့ မိခင်တဦးဟာ COVID-19 ပိုးတွေ့ရှိ  ရာကနေ ပျောက်ကင်းခဲ့လို့ သူ့ရဲ့မွေးကင်းစကလေးငယ်နဲ့အတူ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။  အမည်မဖော်ပြထားတဲ့ အဆိုပါအမျိုးသမီးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ တအိမ်လုံး ရောဂါ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးငယ်ကိုတော့ ဧပြီ ၂၀ မှာ ဆရာဝန်တွေက ဗိုက်ခွဲမွေးဖွားပေးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိပါဘူး။ မိခင်နဲ့ မွေးကင်းစကလေးတို့ကို ဆေးရုံမှာ ရက် ၃၀ ထပ်မံစောင့်ကြည့် စစ်ဆေးခဲ့ပြီးနောက်မှ မေ ၁၅ ရက်မှာ ဗိုင်းရပ်စ်ကင်းစင်လို့ ဆေးရုံက ဆင်းခဲ့ရတာပါ။  သူတို့ ဆေးရုံကဆင်းတော့ ဝန်ထမ်းတွေက လက်ဆောင်တွေနဲ့အတူ ဂုဏ်ပြု ချီးကျူးခဲ့ကြပါတယ်။  ဘိုလီးဗီးယားမှာ အတည်ပြုလူနာ ၃၃၇၂ ဦးရှိပြီး သေဆုံးသူက ၁၅၂ ဦး ရှိပါတယ်။ 
11 months Ago
Up