အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား စီးတီးဘတ်စ်ကားတစီးဟာ မီးနီကို ဖြတ်မောင်းလာတဲ့ ကားတစီးကို ၀င်တိုက်မိပါတယ်။
သြဂုတ် ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုကြောင့် ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ အားလုံးဟာ ထိုင်ခုံတွေမှ လွင့်စင်ပြီး ကစဥ့်ကလျား ဖြစ်သွားပါတယ်။
ကားသမားကလည်း အရှိန်ကိုထိန်းဖို့ ကြိုးစားပေမယ့် ကားက လမ်းဘေးကို ထိုးကျသွားပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ခရီးသည် ၆ ဦး ဒဏ်ရာရပြီး ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
မီးနီဖြတ်မောင်းတဲ့ ကားသမားက ထွက်ပြေးဖို့ ကြိုးစားပေမယ့် ရဲက နောက်ပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။
5 years Ago