မီးထွန်းပွဲတော်ကျင်းပ

September 14, 2019

ဟောင်ကောင် ဗစ်တိုးရီးယားပန်းခြံတွင် မီးပုံးနှင့် မီးထွန်းပွဲတော်ကျင်းပ

တရုတ်နိုင်ငံ ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဗစ်တိုးရီးယား ပန်းခြံထဲမှာ ဗုဒ္ဓဟူးနေ့က စပြီး မီးပုံးနဲ့ မီးထွန်းပွဲတော်ကို ကျင်းပနေပါတယ်။ တရုတ်ရိုးရာအရ ဒီနှစ် စက်တင်ဘာ ၁၃ ရက်မှာ ကျရောက်တဲ့ ဆောင်းလလယ် ပွဲတော်အတွက် ကျင်းပတာပါ။ နှစ်စဉ် ကျင်းပနေကျ မီးပုံးပွဲတော်ဟာ တရုတ် ဒဏ္ဍာရီပုံပြင်တွေကို အခြေခံပါတယ်။ လူသွားလမ်းတွေကို မီးပုံးရောင်စုံနဲ့ တန်ဆာဆင်ထားပါတယ်။ ဟောင်ကောင်မှာတော့ ဗစ်တိုးရီးယား ပန်းခြံက မီးပုံးတွေက နှစ်တိုင်း အကောင်းဆုံးပါပဲ။ ကလေးတွေက လမုန့်တွေ စားပြီး မီးပုံးပြပွဲကို လျှောက်လည်ရတာ အမြဲ ပျော်ကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ပန်းခြံထဲမှာ လူတွေ မျက်စိအကျဆုံး အကြီးဆုံး မီးပုံးကတော့ ရွှေရောင် နဂါးကြီးပါ။ ရိုးရာ စက္ကူချိုး နည်းပညာနဲ့ လက်မှုပညာသည်တွေက ဖန်တီးထားပါတယ်။ ရှတင်ပန်းခြံနဲ့ ဆုအမ်းဝမ် ပန်းခြံတွေမှာလည်း မီးပုံးပွဲအတွက် အလှဆင်ထားပါတယ်။  ဟောင်ကောင်အစိုးရက ဆောင်းလယ် မီးပုံးပွဲတော်ကို မတူတဲ့ နေရာတွေ ပန်းခြံတွေမှာ စီစဉ်ပေးထားတယ်။ လူတိုင်း စိတ်လှုပ်ရှားနေတယ်။ အားလုံး အပျော်တွေ မျှဝေနေကြတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ လပြည့်လိုပဲ ပြည်သူတွေ ပြန်စည်းလုံးပါစေ၊ သစ်လွင်တဲ့ အမြင်တွေနဲ့ အစသစ်ကို ကျွန်တော်တို့ အားလုံး စတင်နိုင်ပါစေလို့ မျှော်လင့်တယ်လို့လည်း ဒေသခံ တယောက်က ပြောပါတယ်။ မီးပုံးပြပွဲကို တနင်္ဂနွေနေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ==================== ေဟာင္ေကာင္ ဗစ္တိုးရီးယားပန္းၿခံတြင္ မီးပုံးႏွင့္ မီးထြန္းပြဲေတာ္က်င္းပ DVB တ႐ုတ္ႏိုင္ငံ ေဟာင္ေကာင္ အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက ဗစ္တိုးရီးယား ပန္းၿခံထဲမွာ ဗုဒၶဟူးေန႔က စၿပီး မီးပုံးနဲ႔ မီးထြန္းပြဲေတာ္ကို က်င္းပေနပါတယ္။ တ႐ုတ္႐ိုးရာအရ ဒီႏွစ္ စက္တင္ဘာ ၁၃ ရက္မွာ က်ေရာက္တဲ့ ေဆာင္းလလယ္ ပြဲေတာ္အတြက္ က်င္းပတာပါ။ ႏွစ္စဥ္ က်င္းပေနက် မီးပုံးပြဲေတာ္ဟာ တ႐ုတ္ ဒ႑ာရီပုံျပင္ေတြကို အေျခခံပါတယ္။ လူသြားလမ္းေတြကို မီးပုံးေရာင္စုံနဲ႔ တန္ဆာဆင္ထားပါတယ္။ ေဟာင္ေကာင္မွာေတာ့ ဗစ္တိုးရီးယား ပန္းၿခံက မီးပုံးေတြက ႏွစ္တိုင္း အေကာင္းဆုံးပါပဲ။ ကေလးေတြက လမုန႔္ေတြ စားၿပီး မီးပုံးျပပြဲကို ေလွ်ာက္လည္ရတာ အၿမဲ ေပ်ာ္ၾကတယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။ ပန္းၿခံထဲမွာ လူေတြ မ်က္စိအက်ဆုံး အႀကီးဆုံး မီးပုံးကေတာ့ ေ႐ႊေရာင္ နဂါးႀကီးပါ။ ႐ိုးရာ စကၠဴခ်ိဳး နည္းပညာနဲ႔ လက္မႈပညာသည္ေတြက ဖန္တီးထားပါတယ္။ ရွတင္ပန္းၿခံနဲ႔ ဆုအမ္းဝမ္ ပန္းၿခံေတြမွာလည္း မီးပုံးပြဲအတြက္ အလွဆင္ထားပါတယ္။ ေဟာင္ေကာင္အစိုးရက ေဆာင္းလယ္ မီးပုံးပြဲေတာ္ကို မတူတဲ့ ေနရာေတြ ပန္းၿခံေတြမွာ စီစဥ္ေပးထားတယ္။ လူတိုင္း စိတ္လႈပ္ရွားေနတယ္။ အားလုံး အေပ်ာ္ေတြ မွ်ေဝေနၾကတယ္လို႔ ေဒသခံ တေယာက္က ေျပာပါတယ္။ လျပည့္လိုပဲ ျပည္သူေတြ ျပန္စည္းလုံးပါေစ၊ သစ္လြင္တဲ့ အျမင္ေတြနဲ႔ အစသစ္ကို ကြၽန္ေတာ္တို႔ အားလုံး စတင္ႏိုင္ပါေစလို႔ ေမွ်ာ္လင့္တယ္လို႔လည္း ေဒသခံ တေယာက္က ေျပာပါတယ္။ မီးပုံးျပပြဲကို တနဂၤေႏြေန႔ထိ က်င္းပသြားမွာ ျဖစ္ပါတယ္။
2 years Ago
Up