မီးထွန်း

A d v e r t i s e m e n t With Us

April 16, 2020

ဘရာဇီးရှိ ခရစ်တော်ရုပ်တုတွင် မီးထွန်းကာ ကမ္ဘာအနှံ့ရှိ ဆေးဝန်ထမ်းများကို  ဂုဏ်ပြု 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့က ခရစ်တော်ရုပ်တုကို ဧပြီ ၁၅ ရက်က အစိမ်းရောင် လျှပ်စစ်မီးတွေ ထွန်းညှိုပြီး  ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းကပါဝင် တဲ့ ဆေးဝန်ထမ်းတွေနဲ့ စစ်သည်တွေကို ဂုဏ်ပြုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ဆေးကုရာမှာ ဆေးဘက် ဝန်ထမ်းတွေကို ပါဝင်ကူညီရင်း ဥပဒေအာဏာတည်စေဖို့ လုပ်ဆောင်နေတဲ့ ကမ္ဘာတဝန်းက စစ်သည်တွေကို ဂုဏ်ပြု ဖို့ စစ်သားတွေဟာ ယေရှုခရစ် ရုပ်တုရဲ့ အောက်ခြေမှာ စုဝေးခဲ့တာပါ။  ဘရာဇီးနိုင်ငံမှာ ဧပြီ ၁၆ ရက် မွန်းတည့်ချိန်ထိ အတည်ပြုချက်အရ ဗိုင်းရပ်စ်ကူးစက်ခံ လူနာ ၂၉၀၀၀ ပါးရှိပြီး ကူးစက်ခံ လူနာ ၁၇၆၀ သေဆုံးခဲ့ပြီးပါပြီ။ တကမ္ဘာလုံးအနေနဲ့တော့ ကူးစက်ခံ ၂၀၈၅၀၀၀ နီးပါးရှိပြီး အယောက် ၁၃၄၆၇၇ ယောက်သေဆုံးခဲ့ပါတယ်။  
11 months Ago
Up