မီးထွန်းပွဲ

February 18, 2019

တရုတ်တွင် ရိုးရာနဂါးကပွဲ ခမ်းခမ်းနားနား တင်ဆက်

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မီးထွန်းပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ တရုတ်နိုင်ငံ ဟူပေခရိုင် ဝူဟန်မြို့မှာ ရိုးရာနဂါးကပွဲကို ခမ်းခမ်းနားနား တင်ဆက်ခဲ့ပါတယ်။ တရုတ်အမျိုးသားယဉ်ကျေးမှု အမွေအနှစ် တခုဖြစ်တဲ့ ဟန်းယန် ကောင်းလုံ ပုံစံ နဂါးအကကို လက်ရွေးစင် နဂါးအကသမား ၂၅ ဖွဲ့နဲ့ ရိုးရာဗုံတီးဝိုင်းအဖွဲ့ ၁၈ ဖွဲ့တို့က မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ျဖြေခဲ့ပါတယ်။ ဝူဟန်မြို့မှာရှိတဲ့ နိုင်ငံခြားကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ရဲ့ နဂါးအက စွမ်းရည်ကလည်း ပွဲကြည့်ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရပါတယ်။ မီးထွန်းပွဲတော်မှာ တရုတ်ပြက္ခဒိန်ရဲ့ ပထမဆုံးလ ၁၅ ရက်မြောက်နေ့မှာ နဂါးအကတွေ ခြင်္သေ့အကတွေနဲ့ ကပြလေ့ရှိပြီး ကလေးငယ်တွေ အများအပြား ပါဝင်ဆင်နွှဲကြပါတယ်။ အဲဒီအတွက် တရုတ်ရိုးရာယဉ်ကျေးမှုကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်းနိုင်မယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဝူဟန်မြို့ဟာ ၇ ကြိမ်မြောက် ကမ္ဘာ့စစ်ရေးစွမ်းရည်ပြပွဲကို အောက်တိုဘာလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေတာပါ။ အဲဒီအတွက် ကမ္ဘာ့စစ်ရေးစွမ်းရည်ပြပွဲရဲ့ လာဘ်ကောင်အရုပ် ၆ ကောင်ကိုလည်း ရိုးရာနဂါးကပွဲမှာ ထည့်သွင်း ဖျော်ဖြေခဲ့ပါသေးတယ်။
3 years Ago
Up