မီးတောင်ပြာမှုန်

October 2, 2021

စပိန်လာပါးလ်မားကျွန်းတွင် မီးတောင်ပြာမှုန်ဒဏ်ကာကွယ်ရန် ညွှန်ကြား

စပိန်နိုင်ငံ လာပါးလ်မားကျွန်းရှိ ကွမ်းဘရေးဗီယေးခါမီးတောင်မှာ  ပြာမှုန်မိုးတွေ အဆက်မပြတ် ရွာနေတာကြောင့် ကျွန်းသူကျွန်းသားတွေကို မျက်နှာဖုံးတွေ မျက်မှန်တွေ ဝတ်ထား ကြဖို့ ညွှန်ကြားထားရပါတယ်။ 

မီးတောင်ကနေ အက်ကွဲကြောင်းအသစ်ပေါ်လာပြီးတော့ ချော်ရည်ပူတွေဟာ အရင်စီးဆင်း ခဲ့တဲ့လမ်းကြောင်းကို နောက်ထပ်သီးခြား လမ်းကြောင်းသစ်ကနေ ရုတ်တရက် စီးထွက်လာတာပါ။

 အဆိုးရွားဆုံးသက်ရောက်မှုရှိတဲ့မြို့တမြို့ဖြစ်တဲ့ လို့စ် လယာနို ဒယ်ရီဒါနေမှာ နေထိုင်သူ တွေကတော့   မီးတောင်ပြာမှုန်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထီးတွေယူဆောင်ပြီး မျက်လုံး အကာအကွယ်တွေလည်း ဝတ်ဆင်ထားရပါတယ်။ 

ပြာမှုန်တွေကြောင့် မျက်လုံးတွေ နာကျင်ကျိန်းစပ်နေလို့ မျက်စဉ်းခပ်ထားရပြီး အသားတွေ လည်း ယားတယ် လို့ စောင့်ရှောက်ရေးဂေဟာတခုက အကူသူနာပြုက ပြောပါတယ်။

  မြို့ခံအများစုကတော့ ထုပ်ပိုးသိမ်းဆည်းနေပြီး ထွက်ခွာဖို့ ပြင်ဆင်နေကြပါတယ်။ စက်တင်ဘာ ၁၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၆၀၀၀ လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပြီး နေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေ အပါအဝင် အဆောက်အဦ ၈၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ 

1 year Ago
Up