မက္ကဆီကိုနိုင်ငံက ပိုပိုကာတေပေတဲလ် မီးတောင်ပေါက်ကွဲမှုကို ပညာရှင်တွေဟာ ဇွန်လ ၁၃ ရက်က ကောင်းကင်ကနေ လေ့လာခဲ့ကြပါတယ်။
ရိုက်တာက ရရှိတဲ့ဗီဒီယိုဖိုင်ထဲမှာ မီးတောင်ဝကနေ မီးခိုးတွေ ထူထပ်သိပ်သည်းစွာနဲ့ ကောင်းကင်ကို တက်နေတာ မြင်ရပါတယ်။
ပညာရှင်တွေက မီးတောင်ရဲ့ မီးခိုးထွက်ရှိ ပေါက်ကွဲပုံ အချိန်နဲ့ ပြင်းထန်မှုကို သိရှိဖို့ စောင့်ကြည့်လေ့လာခဲ့တာပါ။
ဗွီဒီယိုထဲမှာ မီးတောင်ကနေ ချော်ရည်ပူတွေ စီးကျလာတာကိုတော့ မတွေ့ရပါဘူး။
ဒီမီးတောင်ဟာ အမြင့် ၅,၄၂၆ မီတာ (၁၇,၈၀၂ပေ)မြင့်ပြီး မက္ကဆီကိုနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို မြောက်အမေရိကတိုက်ရဲ့ ပဉ္စမြောက်အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။
ဒေသခံတွေကြားမှာ အယ်လ်ပိုပိုလို့ လူသိများတဲ့ ဒီမီးတောင်ဟာ မက္ကဆီကိုမှာ လှုပ်ရှားမှု အရှိဆုံး မီးတောင်ရှင်တွေထဲက တခုဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
9 months Ago