မီးတောင်ပေါက်ကွဲ

December 22, 2020

ကီလောင်ဝဲ မီးတောင်ပေါက်ကွဲ၊ ဒေသခံများ အပြင်မထွက်ကြရန် မေတ္တာရပ်ခံ

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ ကီလောင်ဝဲမီးတောင်ရဲ့ တောင်ဘက် တောင်ခါးပန်းမှာ ငလျင်လှုပ်အပြီး ဒီဇင်ဘာ ၂၀ ညကစပြီး မီးတောင်ပေါက်ကွဲနေတယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောပါတယ်။ ကီလောင်ဝဲ မီးတောင်ရဲ့ တောင်ဘက် တောင်ခါးပန်းမှာ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲလောက်က အင်အား ရစ်ချတ်တာစကေး ၄ ဒသမ ၄ ရှိတဲ့ ငလျင်လှုပ်ခဲ့တာလို့ ဟာဝိုင်ယီ မီးတောင်လေ့လာရေးဌာနက ပြောတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဟာလေမောင်မောင် မီးတောင်အူကြောင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံတွေ နေအိမ်အခန်းတွင်းမှာ နေကြဖို့ ဟာဝိုင်ယီမြို့နယ် အရပ်ဘက် ကာကွယ်ရေးဌာနက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ဒီဇင်ဘာ ၂၁ ရက်မှာ မေတ္တာရပ်ခံထားပါတယ်။ လေက အနောက်တောင်ဘက်ကို တိုက်နေလို့ မီးတောင်ပြာတွေဟာ ကောင်ခရိုင်အတွင်း ဝုဒ်ဗေလီ ပါဟာလာ နားလေဟူနဲ့ အိုးရှင်းဗျူး ဒေသထဲကို ကျရောက်နိုင်တယ်လို့လည်း သတိပေး ထားပါတယ်။ ဟာလေမောင်မောင် မီးတောင်အူကြောင်း နံရံတွေမှာ အက်ကြောင်းရာ အတော်များများ ပွင့်ထွက်ခဲ့ပြီး မီးတောင် စတင်ပေါက်ကွဲခဲ့တာလို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ဆိုပါတယ်။
1 year Ago

December 9, 2019

နယူးဇီလန် ကျွန်း ၁ ခုမှာ မီးတောင်ပေါက်ကွဲ၊ ဒဏ်ရာရသူ များပြား

နယူးဇီလန်နိုင်ငံ White Island ကျွန်းမှာ ဒီဇင်ဘာ ၉ ရက်က မီးတောင်တခု စတင် ပေါက်ကွဲခဲ့တာကြောင့် လူတော်တော်များများ ဒဏ်ရာရခဲ့တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က ပြောပါတယ်။  အဲဒီကျွန်းမှာ လူအယောက် ၁၀၀ လောက်ရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထား ပေမယ့် ဒဏ်ရာရသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။  လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီကျွန်းပေါ်က ဒဏ်ရာရသူတွေကို ကျွန်းမ ကြီးဆီ ရွှေ့ပြောင်းပေးဖို့ လုပ်ဆောင်နေကြပါတယ်။  ဒီဇင်ဘာ ၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီကျော်လောက်က North Island ကျွန်း အရှေ့ဘက်ကမ်းရိုးတန်း မိုင် ၃၀ အကွာမှာတည်ရှိတဲ့ White Island ကျွန်း မီးတောင်ကနေ ပြာတွေမှုတ်ထုတ်နေတဲ့အကြောင်း ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။   မီးတောင်ပေါက်ဝကနေ လေထုထဲကို အမြင့်ပေ ၁၂၀၀၀ ကျော်အထိ ပြာတွေ မှုတ်ထုတ်ခဲ့ပြီး လက်ရှိအချိန်ထိတော့ နောက်ထပ်ပေါက်ကွဲမှု လက္ခဏာ မတွေ့ရသေးဘူးလို့ နယူးဇီလန်ရဲ့ ဘူမိသိပ္ပံဆိုင်ရာအေဂျင်စီ GNS Science က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  White Island မီးတောင်ဟာ နယူးဇီလန်နိုင်ငံရဲ့မီး‌တောင်ရှင်တွေထဲက တခုဖြစ်ပါ တယ်။ 
2 years Ago
Up