မီးခိုးမြူများ

January 3, 2017

တရုတ်မြောက်ပိုင်းတွင် မီးခိုးမြူများ ထူထပ်စွာကျဆင်း၊ လိမ္မော်ရောင်အဆင့် သတိပေးချက်ထုတ် (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေး (Hebei) ပြည်နယ်နဲ့ တီယန်ဂျင့် (Tianjin) မြို့တွေမှာ ဇန်နဝါရီ ၂ ရက်နေ့က မီးခိုးမြူတွေ တအားထူထပ်နေတဲ့အတွက် အာဏာပိုင်တွေက လိမ္မော်ရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဟီဘေးပြည်နယ်ထဲက မြို့ကြီး ၈ မြို့မှာ မြူနှင်းတွေ ထူထူထပ်ထပ်ကျရောက်ပြီး မြင်ကွင်း ၂၀၀ မီတာအောက်ပဲ မြင်ရမယ်လို့ ဟီဘေးပြည်နယ် မိုးလေဝသအေဂျင်စီတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြည်နယ်အတွင်း တခြားမြို့ကြီး ၇ မြို့မှာတော့ မီးခိုးမြူတွေ ကျရောက်မယ်လို့  သတိပေးထားပါတယ်။ ပြည်နယ်မြို့တော်မှာတော့ မြင်ကွင်း မီတာ ၅၀ ထက်ကျော်ပြီး မမြင်ရတဲ့အတွက် ပြည်နယ်အတွင်း အဝေးပြေးလမ်းမအများစုကို ပိတ်ထားရပါတယ်။ လိမ္မော်ရောင်သတိပေးချက် ဆက်လက်ထုတ်ပြန်ထားတဲ့ တီယန်ဂျင့်မြို့မှာလည်း တချို့နေရာတွေမှာ မီတာ ၂၀၀ အထက်ကျော်ပြီး မမြင်ရတဲ့အတွက် အမြန်လမ်းမတွေအားလုံးကို ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။ လေယာဉ်ခရီးစဉ် နောက်ကျမှုတွေနဲ့ ဖျက်သိမ်းလိုက်ရတဲ့ လေကြောင်းခရီးစဉ်တွေကိုတော့ မနက် ၁၀ နာရီနောက်ပိုင်းမှာ အာဏာပိုင်တွေက ပုံမှန်ပျံသန်းခွင့်ပေးခဲ့ပါတယ်။
5 years Ago
Up