မီးခိုးမြူထူ

October 15, 2020

နယူးဒေလီ၏ လေထုအရည်အသွေး ဆက်လက်ယိုယွင်း

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ လေထုအရည်အသွေးဟာ အောက်တိုဘာ ၁၅ရက်မှာ လည်း ဆက်လက် ယိုယွင်းနေပါတယ်။ ကောက်ပဲသီးနှံစိုက်ခင်း ရိုးပြတ်တွေကို မီးရှို့ချိန် လေငြိမ်နေတာကြောင့် နိုင်ငံမြောက်ပိုင်း တလွှားမှာ မီးခိုးတွေ ရစ်သိုင်းနေပါတယ်။ မြို့တော်နယူးဒေလီရဲ့ ကောင်းကင်မှာတော့ မီးခိုးမြူထူတွေကြောင့် မြင်နိုင်စွမ်းပါ ကျဆင်းနေတာပါ။ လေထုအရည်အသွေးညွှန်းကိန်းက အဆင့် ၂၅၉ မှာ ရှိနေပြီး အလွန်အမင်း မကျန်းမမာ ဖြစ်စေတဲ့အဆင့်ထိ အရည်အသွေး ကျဆင်းနေပါတယ်။  နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အိမ်ပြင်ကို မနက်စောစော ထွက်လာတဲ့ လူတွေက အသက်ရှူရခက်ပြီး မျက်လုံးယားယံတဲ့ ဝေဒနာတွေ ခံစားရတယ်လို့ ဒေလီ ဒေသခံ တယောက်က ပြောပါတယ်။  “ပန်ဂျပ်နဲ့ဟာယာနပြည်နယ်တွေမှာ ရိုးပြတ်တွေကို မီးရှို့နေလို့ ဒေလီမှာ လေထုညစ်ညမ်း နေတာ ရက် ၂၀ လောက် ရှိပြီ။ ကျနော်တို့ အသက်ရှူကြပ်တယ်။ အပြင်ထွက်ရတာ ခက်ခဲလာတယ်။”   ဆောင်းရာသီ ရောက်တိုင်း အိန္ဒိယမြောက်ပိုင်းမှာ လယ်ကွင်းတွေထဲက ရိုးပြတ်မီးရှို့ရာက ထွက်လာတဲ့ မီးခိုး၊ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်သမျှနဲ့ ကားတွေက ထွက်လာတဲ့ အခိုးအငွေ့ တွေ စုပေါင်းပြီး ထူထဲတဲ့ မီးခိုးမြူထူတွေ ရစ်သိုင်းနေလေ့ ရှိပါတယ်။
1 year Ago

March 20, 2020

မြန်မာနှင့် ထိုင်း ၂ နိုင်ငံအပေါ် လွှမ်းခြုံထားသည့် စိုးရိမ်ဖွယ် မီးခိုးမြူထူခြုံလွှာကြီးများ

       မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအပေါ် လွှမ်းခြုံထားတဲ့ မီး ခိုးမြူထူခြုံလွှာကြီးတွေလို့ အမည်တပ် ဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို အမေရိကန် အာကာသအေဂျင်စီ-နာဆာကနေ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက အရှေ့တောင်အာရှ ဒေသတွေအတွင်းမှာ ရာသီ အလိုက် တောင်ယာမီးရှို့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေကတဆင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ကောင်းကင်ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ မီးခိုးမြူထူတွေ လွှမ်းခြုံထားတဲ့ ဒီပုံ ကိုတော့ မတ်လ ၁၈ ရက်နေ့က ရိုက်ယူထားခဲ့တယ်လို့ ဆိုပါတယ်။ မီးခိုးမြူထူတွေဟာ လေထုညစ်ညမ်းမှုနဲ့အတူ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေပြီး ထိုင်းမြောက်ပိုင်း မြို့တော် ချင်းမိုင်ကတော့ အခုလအတွင်း ကမ္ဘာ့မြို့တွေအားလုံးထဲ လေထုညစ်ညမ်းမှုအဆိုးဝါးဆုံး မြို့အဖြစ် အကြိမ်ကြိမ် မှတ်တမ်း ဝင်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံ မြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာလည်း လေထုအရည်အသွေး ပိုပြီး တော့ ဆိုးဝါးမလာအောင် တိုင်းတာထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ် လာနေပါတယ်။ Air Quality Yangon အဖွဲ့က ဒီကနေ့ မနက်ပိုင်း ၈ နာရီမှာ တိုင်းတာမှုအရ ရန် ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းဟာ  ၁၅၃ အထိ ရှိနေတာမို့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။
2 years Ago
Up