အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်၊ ဒီဖိုင်းယန့်စ်မြို့မှာ သစ်ပင်တပင်ဟာ မီးခိုးလုံးဝမထွက်ပဲ အတွင်းပိုင်းမှစကာ အလိုအလျောက်မီးလောင်ကျွမ်းခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေက ဒီလိုမီးခိုးလုံးဝမထွက်ပဲ အတွင်းပိုင်းက မီးလောင်ကျွမ်းတဲ့ဖြစ်စဉ်ဟာ မကောင်းဆိုးဝါးက ပြုလုပ်တာလို့ ထင်ကြေးပေးနေကြတာပါ။
အဲဒီဖြစ်စဉ်ကို ပြီးခဲ့တဲ့ သီတင်းပါတ်က တောင်တက်သမား၂ ဦး လမ်းလျှောက် နေစဉ်တွေ့ကြုံခဲ့ရတာ ဖြစ်ပြီး တဦးက ဗွီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူတို့ ၂ ဦးထဲမှ တဦးက “အဓိပ္ပာယ်မရှိလိုက်တာ။ ဒါဘယ် လိုလုပ်ဖြစ်နိုင်မှာလဲ”လို့ ပြောဆိုခဲ့တာပါ။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ယူကျူအင်တာနက်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ ဒီရုပ် သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၂၂၅,၀၀၀ ထက်ကျော်နေခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ကြည့်ရှုသူတွေထဲက တယောက်က “စေတန်ရဲ့ ကြွေးကြော်သံ” လို့ မှတ်ချက်ပြုခဲ့ပြီး အများစုကတော့ မကောင်းဆိုးဝါးသစ်ပင်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။
7 years Ago