မီးကွင်းပစ်ခံရ

April 3, 2021

CRPH ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ နေအိမ်ကို မီးကွင်းပစ်ခံရ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  CRPH ရဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့  ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နေအိမ်ကို ဧပြီလ ၂ ရက်နေ့ ညပိုင်းက မီးကွင်းအပစ်ခံခဲ့ရပါတယ်။

မီးကွင်းပစ်ခံရလို့ ပြည်သူလူထုက ဗဟန်းရဲစခန်းကို ဖုန်းဆက်တိုင်ကြားတဲ့အခါ ထွက်မကြည့်ရ မီးမငြှိမ်းသတ်ရဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။

ရပ်ကွက်မှာရှိတဲ့ပြည်သူတွေက မီးအမြန်ငြှိမ်းသတ်နိုင်ခဲ့တာကြောင့် အထိအခိုက် ပျက်စီးမှု ရှိခဲ့ဘူးလို့ သိရပါတယ်။

2 months Ago

March 28, 2021

မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံး မိုင်းပေါက်ကွဲ၊ နယ်မြေရဲစခန်း မီးကွင်းပစ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က ခရိုင်ပညာရေးမှူးရုံးမှာ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကျော်က မိုင်းပေါက်ကွဲခဲ့ပြီး အောင်နန်းရပ်ကွက်အတွင်းမှာရှိတဲ့ နယ်မြေရဲစခန်းကိုလည်း မီးကွင်းပစ်ခံရတယ်လို့ ပတ်ဝန်းကျင်အနီးနားကအိမ်ရှင်များထံကနေ သိရပါတယ်။

“အရမ်းကျယ်တဲ့ ပေါက်ကွဲတဲ့အသံကြားရတယ်။ မြေကြီးတွေ အိမ်တွေရောတုန်သွားတယ်။ ရဲကား စစ်ကားနဲ့ ရေကားတွေ အင်အားအများကြီးနဲ့ ရောက်လာတယ်။ အစောင့်ဦးလေးတော့ လက်မှာ ဒဏ်ရာနည်းနည်းရသွားတယ်လို့ကြားတယ်။ တံခါးမှန်တွေလည်းကွဲသွားတယ်” လို့ အိမ်ပတ်ဝန်းကျင်အနီးနားက အိမ်ရှင်တစ်ဦးက ပြောပါတယ်။

အောင်နန်းရပ်ကွက်က နယ်မြေရဲစခန်းကိုတော့ မွန်းတည့် ၁၂နာရီကျော်က မီးကွင်းပစ်ခံခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့သိရပြီး ရဲစခန်းပတ်ပတ်လည်ကိုတော့ ဒီနေ့ ညနေမှာ လုံခြုံရေး တင်းကျပ်စွာချထားတာကို တွေ့မြင်နေရတယ်လို့ ရပ်ကွက်နေသူများထံကနေ သိရပါတယ်။

မြစ်ကြီးနားမြို့ကရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း ဆန္ဒပြတဲ့ သူတွေကို ရဲနဲ့ စစ်တပ်ရဲ့လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူများလည်းရှိနေပါတယ်။

2 months Ago
Up