မီးကြိုးများ လိုက်ဖြုတ်

July 11, 2021

ဥသျှစ်ပင်မြို့ ၌ မီတာခမဆောင်သည့်နေအိမ် မီးကြိုးများကို လိုက်ဖြုတ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ မီတာခမဆောင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက မီးကြိုးတွေ လိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဥသျှစ်ပင်မြို့ လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာဆောင်ကြဖို့နဲ့ မဆောင်ရင် မီးဖြတ်မယ်ဆိုတဲ့အကြောင်း လူစုခွဲပြီး လိုက်ပြောခဲ့သလို လူမှုကွန်ရက်စာမျက်နှာမှာလည်း သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

“လောလောဆယ် အတိအကျဆို ၃ အိမ်လောက် မီးကြိုးဖြုတ်ပြီးပြီ။ အိမ်ကိုသွယ်တဲ့ မီးကြိုးတွေဖြုတ်တာ မီတာပုံးတွေတော့ မဖြုတ်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဥသျှစ်ပင်မြို့၊ လမ်းမတော်လမ်း၊ ရွှေပင်ရပ်ကွက်က နေအိမ်တွေကို သွယ်တန်းထားတဲ့ မီးကြိုးတွေကိုဖြုတ်သွားတာဖြစ်ပြီး မိုးရွာလာလို့ လျှပ်စစ်ဝန်ထမ်းတွေ ပြန်သွားကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

7 months Ago
Up