အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က အထင်ကရ နေရာဖြစ်တဲ့ ဆိပ်ခံတံတားက ကုန်လှောင်ရုံဟာ မေလ ၂၃ ရက် မနက်က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။
ဆိပ်ခံတံတားနံပါတ် ၄၅ မီးလောင်မှုကို အဆင့်လေးအထိ သတ်မှတ်ခဲ့ပြီး မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။
ဆိပ်ခံမှာ ကျောက်ချထားတဲ့ ဒုတိယ ကမ္ဘာစစ်ကျန် သမိုင်းဝင် ကုန်သင်္ဘောကို မီးကူးလုနီးပါး ဖြစ်ခဲ့တာပါ။ မီးသတ်သမားတွေက ဂျေရမီယာ အိုဘရိုင်ယန်ကုန်သင်္ဘောကို မီးမကူးအောင် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဒီသင်္ဘောဟာ သမိုင်းဝင်အဖြစ် နိုင်ငံတော်မှတ်တမ်းဝင် သင်္ဘော ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဒဏ်ရာရသူလည်းရှိပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး ဆန်ဖရန်စစ္စကို မီးသတ်ဌာနကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ရေးပါတယ်။
မီးလောင်ပြင် မြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။
11 months Ago