မီဝေါကို ဂိုးဒါဇင်ဝက်သွင်းပြီး စပါးစ် အက်ဖ်အေဖလား ဆီမီးတက်

March 13, 2017

မီဝေါကို ဂိုးဒါဇင်ဝက်သွင်းပြီး စပါးစ် အက်ဖ်အေဖလား ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

မတ် ၁၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ တော့တင်ဟမ် ဟော့စပါးစ်က မီဝေါအသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ စပါးစ်က ဒီပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးပြီး ယှဉ်ပြိုင်သွားပါတယ်။ စပါးစ်အတွက် ဦးဆောင်ဂိုးကို အာရစ်ဆန်က ၃၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ လိဂ်ဝမ်းအသင်း မီဝေါ ခြေစွမ်းပိုင်းမှာ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်း ခြေကျင်းဝတ်ဒဏ်ရာ ရသွားလို့ လူစားလဲခဲ့ရပါတယ်။ စပါးစ်အတွက် အနိုင်ဂိုးတွေကို ဆွန်ဟိုင်မင်းက ၃ ဂိုး၊ အလီက ၁ ဂိုးနဲ့ ဂျန်ဆန်က ၁ ဂိုးစီ အသီးသီး သွင်းယူပါတယ်။ တောင်ကိုရီးယားသား ဆွန်ဟိုင်မင်း ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ စပါးစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို မန်စီးတီး၊ အာဆင်နယ်တို့နဲ့အတူ တက်ရောက်သွားပါတယ်။
5 years Ago
Up