မီသိန်းဓာတ်ငွေ့

December 16, 2016

မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားလာမှုအပေါ် AGU အဖွဲ့ သတိပေး

ကာဗွန်ဒိုင်အောက်ဆိုဒ်ထက်ပိုဆိုးတဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ များပြားလာတာဟာ ကမ္ဘာကြီးပူနွေးမှုထိန်းချုပ်ရေးကို ခက်ခဲစေကြောင်း ဆန်ဖရန်စစ္စကိုအခြေစိုက် American Geophysical Union (AGU) အဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ ပြင်သစ်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (LSCE) မှ သုတေသနအရာရှိတွေကလည်း လေထုထဲမှာ မီသိန်းဓာတ်ငွေ့ပမာဏ တိုးလာမှုဟာ ၂၀၀၇ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၄ နဲ့ ၁၅ ခုနစ်တွေမှာ အလွန်အမင်း မြင့်တက်လာကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ (LSCE) မှ သုတေသနအရာရှိ PHILIPPE BOUSQUET က “ ၂၀၀၇ ခုနှစ်ကစလို့ လေထုထဲမှာ မီးသိန်းဓာတ်ငွေ့ စတိုးလားပြီး အဲဒီနောက်မှန်မှန် တိုးလာကြောင်း၊  လွန်ခဲ့တဲ့ ၂ နှစ်ကတော့ အရှိန်မြင့်တက်လာကြောင်း၊ ဘာကြောင့် အခုလို တိုးလာတယ်ဆိုတာကို နားလည်ဖို့တော့ ခက်ကြောင်း၊ မီးသိန်းဓာတ်ငွေ့တိုးလာမှုဟာ သဘာဝရင်းမြစ်တွေနဲ့ အရာဝတ္ထုတွေကြား မျှခြေအနေအထား ပျက်သုဉ်းမှုနဲ့ ချိတ်ဆက်နေကြောင်း။ ဒါကြောင့် ဒီပြဿနာရဲ့ ရင်းမြစ်ကို နားလည်အောင်  ကြိုစားနေကြောင်း ”ရှင်းပြသွားပါတယ်။ အဲဒီနောက်ဆက်ပြီး “မီသိန်းဓာတ်ငွေ့ဟာ အားပြင်းတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၈ ဆလောက်ပြင်းထန်ပါတယ်။ ဒါကြောင့် လေထုထဲမှာ မီသိန်းဓာတ်ငွေတိုးလာတာကို ကျနော်တို့ ကရုစိုက်နေရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ CO2 ဓာတ်ငွေ့ကလည်း လွန်ခဲ့တဲ့နှစ်တွေကစပြီး မှန်မှန်ကြီးတိုးလာနေလို့ပါပဲ ”လို့ ရှင်းပြသွားပါတယ်။
5 years Ago

February 4, 2016

မီသိန်းဓာတ်ငွေ့ အကြီးအကျယ် ယိုစိမ့်ခဲ့သည့် ဓာတ်ငွေ့ကုမ္ပဏီကို တရားစွဲ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့နားမှာ မီသိန်းဓာတ်ငွေ့ အကြီးအကျယ် ယိုစိမ့်ခဲ့တဲ့အတွက် ဓာတ်ငွေ့သိုလှောင်ရေး ကုမ္ပဏီကို ကယ်လီဖိုးနီးယား အစိုးရရှေ့နေချုပ်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ အဲဒီ မီသိန်းဓာတ်ငွေ့စခန်းကို တောင်ကယ်လီဖိုးနီးယား ဓာတ်ငွေ့ကုမ္ပဏီက လုပ်ကိုင်နေတာဖြစ်ပြီး အာဏာပိုင်တွေကို အချိန်မီ အကြောင်းမကြားခဲ့မှုရယ်၊ ဓာတ်ငွေယိုစိမ့်မှုကို အချိန်မီ မထိန်းချုပ်ခဲ့မှုတွေနဲ့ ရုံးတင်ခံခဲ့ရပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ခဲ့တဲ့အတွက် အဲဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ အယောက် ၁၃၀၀၀ ကျော်ကို နေရာကနေ ပြောင်းရွှေ့စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ ဓာတ်ငွေ့ယိုစိမ့်မှုကို ပထမဆုံး သိရှိခဲ့ပြီး  ဒေသခံတွေလည်း မီသိန်းဓာတ်ငွေ့ကြောင့် ကျန်းမာရေး ထိခိုက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ နောက်ပိုင်း အဆိုးဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တူးဖော်ပြီး ရေနံတွင်းတွေနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေကို မီသိန်းဓာတ်ငွေ့ သိုလှောင်ရေး တွင်းတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးစွဲတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။
6 years Ago
Up