ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စက်မှုရပ်ကွက် မေတ္တာရေစဉ် ၃ လမ်းမှာရှိတဲ့ Mi La Garden. Co,Ltd. ဖိနပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ခလစာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်က စတင်ပြီး ဒီနေ့အထိ ၃ ရက်ကြာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ယခင်က လကုန်ပြီး ၅ ရက်ကြာ လစာပေးတာဖြစ်ပြီး ယခုအခါ ၁၀ ရက်ကြာမှ လစာငွေရှင်းပေးပြီး အလုပ်သမားတွေကို ကြိုပို့ကား စီစဉ်ပေးသော်လည်း လကုန်ရင် လုပ်ခလစာထဲမှ ဖြတ်တောက်တာတွေကြောင့် ဆန္ဒပြတာလို့ သိရှိရပါတယ်။
စက်ရုံအလုပ်သမားပေါင်း ၁၁၀၀ ရှိတဲ့ မီလာဂါးဒန်း ဖိနပ်စက်ရုံမှာ တရုတ်လူမျိုးပိုင်ဖြစ်ပြီး စက်ရုံလည်ပတ်တာ ၆ လရှိပြီဖြစ်ပါတယ်။
ဓာတ်ပုံ - ဦးညိုထွန်း
7 years Ago