မီလန်မြေ

A d v e r t i s e m e n t With Us

January 3, 2020

မီလန်မြေ ပြန်လာသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ကို ပရိသတ်များ ကြိုဆို

ဆွီဒင် တိုက်စစ်မှူးဟောင်း ဇလန်တန် အီဗရာဟီမိုဗစ်ချ်ဟာ အေစီမီလန်အသင်းရှိတဲ့ မီလန်မြေကို တကျော့ပြန် ရောက်ရှိခဲ့ပါတယ်။  အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကို အေစီမီလန် ပရိသတ်တွေက လေဆိပ် အပြင်ကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။  သူဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လေဂလက်စီအသင်းကနေ မီလန်ကို ၆ လစာချုပ်နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး စာချုပ်ထဲမှာ တနှစ်သက်တမ်း တိုးခွင့်ပါ ထည့်သွင်းထားပါတယ်။  အေစီမီလန်အသင်းဟာ အီတလီ ဘောလုံးသမိုင်းမှာ ဂျုဗင်တပ်ပြီးရင် ဒုတိယ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။  တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ဟာ အေစီမီလန်မှာ ၂၀၁၁၊ ၂၀၁၂ ရာသီမှာ ကစားခဲ့ဖူးပါတယ်။ အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုနဲ့အတူ အီတလီစူပါဖလားဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဗိုဗစ်ချ်ဟာ ဂျုဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ မန်ယူနိူက်တက်၊ ပီအက်စ်ဂျီ စတဲ့ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ 
1 year Ago
Up