မီလန်မြို့

October 4, 2021

မီလန်မြို့စွန်တွင် ပုဂ္ဂလိကလေယာဉ်ပျက်ကျပြီး လူ ၈ ဦး သေဆုံး

အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့စွန်က ပြုပြင်နေဆဲ အဆောက်အအုံထဲကို ပုဂ္ဂလိက လေယာဉ်တစီး အောက်တိုဘာ ၃ ရက်က ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ ၈ ယောက်စလုံး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။

မြို့စွန်ဘူတာ အပြင်ဘက်ကို လေယာဉ်ပျက်ကျခဲ့တာမှာ လေယာဉ်က နှစ်ထပ် အဆောက်အအုံကို တိုက်မိ ပေါက်ကွဲခဲ့လို့ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသံကို ကြားခဲ့ရပါတယ်။

အဆောက်အအုံက ပြန်ပြင်ဆင်မွမ်းမံနေချိန်မို့ လူမရှိတာဖြစ်ပြီး လမ်းပေါ်မှာ ရပ်ထားတဲ့ ကားအတော်များများလည်း မီးလောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လေယာဉ်ပေါ် ပါလာသူတွေကလွဲလို့ တခြားအသေအပျောက်စာရင်းကို ဖော်ပြထားတာ မရှိပါဘူး။

1 year Ago
Up