မီလန်

August 30, 2021

အီတလီနိုင်ငံ မီလန်မြို့တွင် တိုက်ခန်းတွဲ မီးလောင်

အီတလီနိုင်ငံ၊ မီလန်မြို့က တိုက်ခန်းတွဲ တစ်ခုမှာ သြဂုတ် ၂၉ ရက်က မီးအကြီးအကျယ် လောင်ခဲ့တယ်လို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

မီးဟာ အထပ် ၂၀ အဆောက်အအုံရဲ့ အပေါ်ပိုင်းအထပ်တွေက စတင် လောင်ကျွမ်းခဲ့ပြီး အောက်ထပ်တွေဆီကို ကူးစက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

ထိန်းမနိုင်သိမ်းမရ လောင်နေတဲ့ မီးအတွင်း အနားမှာ ရပ်ထားတဲ့ ကားအစီး ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

သေဆုံး ဒဏ်ရာရသူ မရှိဘဲ တိုက်မှာ နေသူ အားလုံးကို ဘေးကင်းရာ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မြို့တော်ဝန်ကို ကိုးကားပြီး ဒေသခံသတင်းမီဒီယာတွေက ရေသား ဖော်ပြပါတယ်။

5 months Ago

May 16, 2020

မီလန်တွင် ညလုံးပေါက်မိုးရွာသဖြင့် နေရာအချို့ရေကြီး

အီတလီနိုင်ငံ မီလန်မြို့မှာ ညလုံးပေါက် ရွာခဲ့တဲ့မိုးကြောင့် မေလ ၁၅ ရက် မနက်ပိုင်းမှာ  နေရာတချို့ ရေကြီးခဲ့ပါတယ်။  ဆယ်ဗေဆို မြစ်ရေလျှံတာကြောင့်  မီလန်မြို့ မြောက်ဘက်  နီဂွါဒါအရပ်က  လမ်းတွေ  ရေမြုပ်ခဲ့ပါတယ်။   ရေကြီးရာနေရာကို မီးသတ်သမားတွေ၊ ရဲတွေနဲ့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေ  ရောက်လာပြီး အဆောက်အအုံတွေထဲ ရေမဝင်အောင် သဲအိတ်ကာတာ၊ လဲကျသစ်ပင်တွေ ဖယ်ရှားတာနဲ့  ရေစီးမှာ ပိတ်မိနေတဲ့ ကားတွေကို  ကူတွန်းပေးခဲ့ပါတယ်။   အဲဒီနောက် မနက်ခင်းရုံးတက်ချိန်မှာ ရေတွေ အကုန်လုံးနီးပါး ကျသွားခဲ့ပါတယ်။ မီလန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန်မှာ အဆိုးဆုံး ထိခိုက်ခဲ့တဲ့ မြို့တမြို့ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
2 years Ago
Up