မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံလူ မီလန်ကိုဗစ်ကို ပေါင်သန်း ၄ဝ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အသင်းနည်းပြ မော်ရင်ဟိုဟာ ဆားဘီးယားနဲ့ မွန်တီနီဂရိုးတို့ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဆားဘီးယားလက်ရွေးစင် မီလန်ကိုဗစ်ရဲ့ ခြေစွမ်းကို သွားရောက်ကြည့်ရှုခဲ့တာကြောင့် အပြောင်အရွှေ့သတင်းတွေ ထွက်ပေါ်လာတာပါ။
အရပ် ၆ ပေ ၅ လက်မရှိပြီး အသက် ၂၁ နှစ်ပဲရှိသေးတာကြောင့် တောက်ပလာမယ့် လူငယ်ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး မန်ယူအသင်းအပြင် ဂျုဗင်တပ် အသင်းကလည်း ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။
ဖီအိုရင်တီနားဘက်ကတော့ ပြောင်းရွှေ့ကြေးပေါင် သန်း ၄ဝ အထက် ရဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမူပမာဏထက် ပေါင် ၁ဝ သန်းပိုများတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
3 years Ago