မီလင်ဒါဂိတ်စ်

A d v e r t i s e m e n t With Us

April 16, 2020

WHO ကို ရန်ပုံငွေမပေးသည့် အမေရိကန်သမ္မတကို ဘီလ်ဂိတ်စ်၏ဇနီး ဝေဖန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေ မပေးဘဲနေတာဟာ အန္တရာယ်ကြီးလွန်းပြီး တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရင်ဆိုင်နေရချိန်မှာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို  မီလင်ဒါဂိတ်စ်က ဝေဖန်လိုက်ပါတယ်။  ဘီလ်ဂိတ်စ်နဲ့ မီလင်ဒါဂိတ်စ်ဖေါင်ဒေးရှင်းက WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသရေး၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ လူထုကျန်းမာရေးလုပ်ငန်းတွေအတွက် ဒေါ်လာသန်း ၁၅၀ လှူဒါန်းသွား မယ်လို့ ကြေညာခဲ့တာပါ။  မီလင်ဒါဂိတ်စ်က WHO သာလျှင် ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်း နိုင်တဲ့အဖွဲ့ဖြစ်ကြောင်း ဆိုပါတယ်။  WHO အဖွဲ့ဟာ ကပ်ဘေးကို ကိုင်တွယ်ရာမှာ အခြေခံတာဝန် ပျက်ကွက်ခဲ့တယ်လို့   သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲလိုက်ပြီး အမေရိကန်အနေနဲ့ WHO ကို ရန်ပုံငွေပေးနေတာကို ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်တာပါ။  မိုက်ကရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်စ်နဲ့ ဇနီးဖြစ်သူ မီလင်ဒါဂိတ်စ်တို့ရဲ့  ဖေါင်ဒေးရှင်းဟာ အမေရိကန်ပြည်ထောင်စုပြီးရင် WHO ကို အများဆုံးလှူဒါန်းထားတာဖြစ်ပြီး ဗိုင်းရပ်စ်ကပ်ဘေးအတွက် စုစုပေါင်းထည့်ဝင်ငွေ ဒေါ်လာသန်း ၂၅၀ ထည့်ဝင်ထားတာဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။
11 months Ago
Up