မီယာမီအိုးပန်းတင်းနစ် ဗိုလ်လုပွဲတွင် ရော်ဂျာဖက်ဒရာက ရာဖယ်နဒါးကို အနိုင်ယူ

April 3, 2017

မီယာမီအိုးပန်းတင်းနစ် ဗိုလ်လုပွဲတွင် ရော်ဂျာဖက်ဒရာက ရာဖယ်နဒါးကို အနိုင်ယူ

ဧပြီ ၂ ရက်နေ့က အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရော်ဂျာဖက်ဒရာက ရာဖယ်နဒါးကို အနိုင်ရသွားပါတယ်။ ဖက်ဒရာဟာ ကာလကြာရှည် ပြိုင်ဘက်တယောက်ဖြစ်တဲ့ နဒါးကို အနိုင်ရသွားတာပါ။ ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒရာဟာ ဒီနှစ်ထဲမှာ လက်စွမ်းပြနေပြီး သြစတြးလျအိုးပန်း ဂရန်းစလန်းဆုနဲ့ အင်ဒီယန် ဝဲလစ် ချန်ပီယံဆုတွေကို ရယူထားပါတယ်။ ဒီပွဲမှာ ဖက်ဒရာအနေနဲ့ အပြန်အလှန် အကွက်ချရိုက်ချက်တွေမှာ နဒါးကို ယှဉ်နိုင်ခဲ့ပါတယ်။ ပထမပွဲကို ဖက်ဒရာက ၆-၃ နဲ့ အနိုင်ရသွားပါတယ်။ စပေးဘော ရိုက်ချက်တွေနဲ့ ထောင့်ဖြတ်ရိုက်ချက်တွေကနေ ဖက်ဒရာ အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နဒါးရဲ့ရိုက်ချက်တွေ မတိကျဘဲ အမှားအယွင်းလည်း ရှိခဲ့ပါတယ်။ ဒုတိယပွဲကိုလည်း ဖက်ဒရာကပဲ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၄ နဲ့ အနိုင်ရ ချန်ပီယံဖြစ်သွားပါတာယ်။ အသက် ၃၅ နှစ်အရွယ် ဖက်ဒရာဟာ မီယာမီအိုးပန်း ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
4 years Ago
Up