မီယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲကနေ အန်ဒီ မာရေး ထွက်သွားရပြီ ဖြစ်ပါတယ်။
တတိယပတ်လည်ပွဲမှာ ဘယ်လ်ဂျီယံ တင်းနစ်သမား ဂရီဂေါ် ဒီမီထရို့ဗ် (Grigor Dimitrov) က ၆-၇၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ယူသွားတာပါ။
မာရေးဟာ မီယာမီအိုးပင်းမှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးပြီး ကျန်ခဲ့တဲ့ လေးနှစ်အတွင်း ဗိုလ်လုပွဲ ၄ ကြိမ် တက်ခဲ့ပါတယ်။
တခြားပွဲတွေမှာတော့ ကမ္ဘာ့အဆင့် ၆ ဂျပန်တင်းနစ်သမား နစ်ရှီကိုရီက ယူကရိန်းက ဒိုကိုပိုလော့ဗ်ကို ၆-၂၊ ၆-၂ နဲ့နိုင်ပြီး စပိန်က ဘူတစ္စတာ အန်ဂတ်စ်က ကမ္ဘာ့အဆင့် ၉ ပြင်သစ်က ဆွန်ဂါးကို ၂-၆၊ ၆-၃၊ ၇-၆ နဲ့ အနိုင်ရသွားပါတယ်။
5 years Ago