အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာ ပိုလစ်မြို့ကောင်စီဝင်အများစုက ရဲဌာနကို ဖျက်သိမ်းမယ်လို့ ဇွန် ၇ ရက်က ကတိပြုလိုက်ပါတယ်။
မီနီယာပိုလစ်ရဲဌာနဟာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရနိုင်တာကြောင့် ဖျက်သိမ်းဖို့ မြို့ကောင်စီဝင်အများစုက သဘောတူခဲ့ပြီး ရဲစနစ်ကို အဆုံးသတ်တော့မယ်လို့ မြို့ကောင်စီဝင်တယောက်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ရဲဌာနအစား လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဲ့ ဘေးကင်းရေး ကနဦးလှုပ်ရှားမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လို့ ကောင်စီဝင်တွေက ပြောပါတယ်။
လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ လည်ပင်းကို လူဖြူရဲအရာရှိက ဒူးနဲ့ ၉ မိနစ် နီးပါး ဖိထားရာမှ သေဆုံးခဲ့လို့ အမေရိကန်မှာသာမက ကမ္ဘာတလွှားမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဖလွိုက်ဒ်က ရဲကို ကျနော် အသက်မရှူနိုင်တော့ဘူးလို့ တောင်းပန်ပြောနေချိန် အနားမှာ ရပ်နေသူတယောက်က လက်ကိုင်ဖုန်းနဲ့ ရုပ်သံရိုက်ယူထားခဲ့ပါတယ်။
တခြား ရဲအရာရှိ ၂ ယောက်က ဖလွိုက်ကို ကူချုပ်ထားခဲ့ပြီး လေးယောက်မြောက် ရဲက ရပ်ကြည့်နေသူတွေနဲ့ တခြားအရာရှိတွေကို စောင့်ကြည့်နေခဲ့တာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
9 months Ago