မီနီမာရသွန်ပြေးပွဲ

January 24, 2020

မိုင်းတုံမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအထိမ်းအမှတ်  မီနီမာရသွန်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင်  အထိမ်းအမှတ်အဖြစ်ဒီကနေ့မနက်က မီနီမာရသွန်ပြေးပွဲ ကျင်းပရာမှာ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား အင်အား ၄၀၀ လောက် ပါဝင်ဆင်နွှဲ ကြပါတယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ အဆုတ်ကို ထိခိုက်စေသလို အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့စေတတ်ပြီး အသက်ဆုံးရှုံးစေတတ်လို့  ကျောင်းနေအရွယ် ကလေးတွေအနေနဲ့ဆေးလိပ်သောက်တာ စမ်းသပ်တာမလုပ်ကြဖို့လိုတယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ပြောပါတယ်။ အဆိုပါ​ပြိုင်ပွဲကို ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက စီစဉ်ကျင်းပတာဖြစ်ပြီး  ပထမဆု ကျပ် ၅၀၀၀၀၊ ဒုတိယဆု ကျပ် ၄၀၀၀၀၊ တတိယဆု ကျပ် ၃၀၀၀၀နဲ့ တခြား နှစ်သိမ့်ဆုတွေနဲ့ ဇွဲဆုတွေလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။  အောင်ဇေယျ
1 year Ago
Up