. မီဒီယာ

February 4, 2021

မြန်မာအာဏာသိမ်းမှုပဋိပက္ခကို မီးမမွှေးရန် ထိုင်းဝန်ကြီးချုပ်က မီဒီယာကိုသတိပေး

မြန်မာစစ်အာဏာသိမ်းတာနဲ့ ပတ်သက်တဲ့ သတင်းတွေထုတ်ပြီး   ပဋိပက္ခကို မီးမမွှေးဖို့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်သ် ချန်အိုချာက  မီဒီယာကို သတိပေးလိုက်ပါတယ်။

“မီဒီယာအားလုံး သတင်းဖော်ပြရာမှာ သတိထားဖို့ ကျနော်လိုလားတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး အကျိုးစီးပွားကို မထိခိုက် စေချင်ဘူး” လို့  ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂ ရက်နေ့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ပဋိပက္ခတွေ ပိုတိုးမလာစေချင်ဘူးလို့လည်း  သူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက်  မဲရလဒ် လက်ခံဖို့ စစ်တပ်က ငြင်းဆန်ရင်း မဲလိမ်တယ်လို့ မခိုင်လုံဘဲ စွပ်စွဲအပြီး စစ်အာဏာသိမ်းခဲ့တာပါ။ 

2 years Ago
Up