မီဒီယာတွေကို ချစ်စဖွယ်အမူအရာဖြင့် နှုတ်ဆက်ခဲ့သည့် ရုရှားသမ္မတ ပူတင်၏ ခွေးမလေး

December 14, 2016

မီဒီယာတွေကို ချစ်စဖွယ်အမူအရာဖြင့် နှုတ်ဆက်ခဲ့သည့် ရုရှားသမ္မတ ပူတင်၏ ခွေးမလေး (ရုပ်သံ)

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ခွေးမလေးဟာ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ တဝုတ်ဝုတ်ဟောင်သံပေးပြီး ချစ်စဖွယ်အမူအရာတွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အက်ကီတာလို့ အမည်ပေးထားတဲ့ ခွေးမလေးဟာ သမ္မတပူတင်နဲ့ ဂျပန်မီဒီယာတွေ တွေ့ဆုံချိန်မှာ ခုလိုနှုတ်ဆက်လိုက်တာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီခွေးမလေးဟာ သမ္မတပူတင်ကို ဂျပန်နိုင်ငံမှ လက်ဆောင်အဖြစ် ၂၀၁၂ ခုနှစ်က ပေးခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တဝုတ်ဝုတ်ဟောင်သံပေးနေတဲ့ ခွေးမလေးဟာ သခင့်အလိုကျ လှုပ်ရှားပြခဲ့တာကိုလည်း တွေ့ရမှာပါ။ သမ္မတပူတင်ဟာ ခွေးချည်ကြိုးကို လက်တဘက်က ကိုင်ထားခဲ့ပြီး တခြားတဘက်ကတော့ အစာကို မြှောက်ပြခဲ့ချိန်မှာ ခွေးမလေးအက်ကီတာဟာ ရှေ့လက် ၂ ဘက်ကို မြှောက်ချီကာ စားပြခဲ့တာပါ။ အဲဒီနောက် သခင်က လက်ဟန်အမူအရာနဲ့ ရပ်လိုက်ဖို့ ပြလိုက်ချိန်မှာ ရှေ့လက် ၂ ဘက်ကို မြှောက်ပြီး မတ်တပ်အနေအထားနဲ့ ရပ်ပြခဲ့တာကို တွေ့ရပါတယ်။
5 years Ago
Up