.မီတာရီကီ

February 6, 2021

နယူးဇီလန်၏ မီတာရီကီအစိုးရအလုပ်ပိတ်ရက် ၂၀၂၂ ခုနှစ်လယ်တွင် စမည်

နယူးဇီလန်ရဲ့ ပထမဆုံး မီတာရီကီ အစိုးရအလုပ်ပိတ်ရက်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်ကစပြီး  ကျင်းပသွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က ပြောပါတယ်။ 

မီတာရီကီဟာ ဖျောက်ဆိပ်ကြယ်စု ပေါ်လာတဲ့ အထိမ်းအမှတ်အနေနဲ့ မော်ဝီ လူမျိုးတွေက ပျော်ပွဲရွှင်ပွဲလုပ်ကြတာပါ။ 

မီတာရီကီနေ့ဟာ မော်ဝီလူမျိုးတွေရဲ့ တစ်ခုထူးခြားတဲ့ အရာကို သိရှိမယ့် အခွင့်အလမ်း ဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဒန်က ဆိုပါတယ်။ 

အာဒန်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မီတာရီကီကို  အစိုးရ အလုပ်ပိတ်ရက် အဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိတယ်ဆိုပြီး ပြောဆိုဖူးပါတယ်။ 

မီတာရီကီကို  အစိုးရ အလုပ်ပိတ်ရက်  သတ်မှတ်တဲ့ကြေညာချက်ကို ဝန်ကြီးချုပ် အာဒန်က  ဗြိတိသျှတွေနဲ့ မော်ဝီလူမျိုးစု အကြီးအကဲတွေ  စာချုပ်ချုပ်ခဲ့တဲ့ ဝိုက်တန်ဂီမြို့မှာ ပြုလုပ်ခဲ့တယ်လို့လည်း ရိုက်တာက ဆိုပါတယ်။ 

2 years Ago
Up