မီဂန်မာကယ်လ်၏ မင်္ဂလာပန်းစည်း

May 21, 2018

တော်ဝင်သတို့သမီး မီဂန်မာကယ်လ်၏ မင်္ဂလာပန်းစည်း စစ်သည်တဦးအုတ်ဂူပေါ် ရောက်ရှိ

တော်ဝင် သတို့သမီး မီဂန်မာကယ်လ် ရဲ့ မင်္ဂလာပန်းစည်းဟာ ၀က်မင်စတာကျောင်းတော် အတွင်းရှိ အမည်မသိ စစ်သည်တဦးရဲ့ အုတ်ဂူပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။ မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိန်တော်ဝင်မင်္ဂလာပွဲအတွင်း သတို့သမီးမီဂန်ဟာ အဲဒီမင်္ဂလာပန်းစည်းကို စိန့်ဂျော့ဂ်ျ ဘုရားကျောင်း လျှောက်လှမ်းတလျောက် ကိုင်ဆောင်ခဲ့တာပါ။ ဒီအစဉ်အလာကို  ဘုရင်မကြီး အဲလိဇဘတ်ရဲ့ မိခင်ဖြစ်သူလက်ထက်ကတည်းက စတင်ခဲ့ပြီး  ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ အကိုဖြစ်သူကို အမှတ်ရတဲ့အနေနဲ့ မင်္ဂလာပန်းစည်းကို အုတ်ဂူပေါ်ထားရှိတာ ဖြစ်တယ်လို့ ၀က်မင်စတာ ကျောင်းတော်က ဆိုပါတယ်။ သတို့သမီး မီဂန်ရဲ့ မင်္ဂလာပန်းစည်းကို ဖိလစ်ပါခရက်ဒေါ့ခ်  ပန်းဆိုင်ကနေ ဖန်တီးပုံဖော်ပြီး forget-me-not ၊ လီလီပန်းနဲ့ စံပယ်ပန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
4 years Ago
Up