မိချောင်းခေါင်းနဲ့ကျွဲခန္ဓာကိုယ်

A d v e r t i s e m e n t With Us

October 6, 2015

မိချောင်းခေါင်းနဲ့ ကျွဲခန္ဓာကိုယ်ရှိတဲ့ ကျွဲပေါက်စလေး (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ၀မ်ဟင်းခရိုင်ထဲက ရွာတရွာမှာ မိချောင်းခေါင်းနဲ့ ကျွဲခန္ဓာကိုယ်ရှိတဲ့ ကျွဲပေါက်စလေးတကောင်ကို လေ့လာကြည့်ရှုသူတွေရဲ့ ဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ ရေပန်းစားနေတယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဖော်ပြပါတယ်။ နန်ညက်ဂျီးယန်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက အဲဒီကျွဲပေါက်စလေးကို ရွာသူရွာသားတွေနဲ့ လာရောက်ကြည့်ရှုသူတွေ တို့ထိကိုင်တွယ်နေတဲ့ ဗွီဒီယိုဖိုင်ကို သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ကျွဲပေါက်စလေးရဲ့ ဦးခေါင်းနဲ့ အရေခွံဟာ မိချောင်းတကောင်ရဲ့ ဦးခေါင်းဖြစ်ပြီး ခြေထောက်တွေကတော့ ကျွဲတကောင်ရဲ့ ခြေထောက်တွေ ဖြစ်နေတာကို အဲဒီဗွီဒီယိုဖိုင်မှာ ထူးထူးခြားခြား တွေ့ရမှာပါ။ ထိုင်းနိုင်ငံအခြေစိုက် ထိုင်းရတ်သတင်းမှာတော့ အဲဒီကျွဲပေါက်စလေးဟာ မွေးပြီးပြီးချင်း သေဆုံးသွားခဲ့ပြီး ခုလိုတွေ့ရှိတာဟာ ပိုင်ရှင်မိသားစုနဲ့ ရွာသူရွာသားတွေအတွက် ကောင်းတဲ့အရာတွေ သယ်ဆောင်လာမယ့်နိမိတ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
5 years Ago
Up