မိကျောင်းကြီးနှင့် ခြင်္သေ့အုပ်စုကြားမှ ကြေက်မက်ဖွယ်တိုက်ပွဲ

April 30, 2017

မိကျောင်းကြီးနှင့် ခြင်္သေ့အုပ်စု ကြောက်မက်ဖွယ် အသက်လုတိုက်ပွဲ (ရုပ်သံ)


by dvburma မိကျောင်းကြီးတကောင် ကမ်းစပ်မှာ ရှိနေချိန် ခြင်္သေ့တစ်ကောင်က အစာအဖြစ် စားဖို့ တစ်လှမ်းချင်း တစ်ဖြည်းဖြည်း လှမ်းလာပါတယ်။ ဧပြီ ၂၉ ရက်နေ့က လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ခြင်္သေ့က စတင်တိုက်ခတ်လို့ မိကျောင်းကြီးလည်း ခြင်္သေ့ရဲ့ လှမ်းပုတ်လာတဲ့ခြေထောက်တွေကို ပါးစပ်နဲ့ လှမ်းဟပ်ရင်း ကမ်းစပ်ကနေ တဖြည်းဖြည်းချင်း နောက်ပြန်ရေထဲကို ဆင်းနေရတာပါ။ ဒါပေမယ့် ခြင်္သေ့ကတော့ တိုက်ခိုက်မှုကို ရပ်မသွားပါဘူး။ ဒါကြောင့် မိကျောင်းကြီးခမျာလည်း တဖြည်းဖြည်းနောက်ဆုတ်ရင်း ကမ်းစပ်ကနေ ရေထဲထိ ရောက်သွားတာ မြင်ရမှာပါ။ အဲ့ဒီနောက် ခြင်္သေ့က သူ့ရဲ့အုပ်စုဝင်တွေကို အချက်ပြတဲ့အနေနဲ့ လှမ်းကြည့်လိုက်ပါတယ်။ နောက်ထပ်ခြင်္သေ့ ၂ ကောင် ထပ်ရောက်လာပြီး ရေတိမ်ချောင်းထဲရောက်သွားတဲ့ မိကျောင်းကြီးကို ဝိုင်းတိုက်ခိုက်ကြပါတော့တယ်။ ခြင်္သေ့တကောင်က မိကျောင်းရဲ့ ကုတ်ကိုလှမ်းခဲလိုက်ပြီး နောက်ခြင်္သေ့တွေက မိကျောင်းကြီးရဲ့ အမြီးပိုင်းကို ဝိုင်းခဲကြတာပါ။ မိကျောင်းလည်း သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်အားနဲ့ ကိုယ်ပေါ်က ခြင်္သေ့တွေကို ခါထုတ်၊ သူရဲ့အားကိုးအားထားရာ ပါးစပ်နဲ့ပဲ ခြင်္သေ့တွေကို ပြန်တိုက်ခိုက်နိုင်ဖို့  အပြင်းအထန် ကြိုးစားနေရပါတယ်။ ရုပ်သံရဲ့ နောက်ပိုင်းမြင်ကွင်းမှာ မိကျောင်းရဲ့ ကုတ်ပိုင်းကိုခဲထားတဲ့ ခြင်္သေ့က မိကျောင်းကြီးရဲ့ ခါထုတ်မှုကြောင့် လွှင့်ကျသွားပြီး ခြင်္သေ့ ၃ ကောင်က အစာအတွက် မိကျောင်းရဲ့ အမြီးပိုင်းကို အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်၊ မိကျောင်းကလည်း သားကောင်တွေကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆီးသတ်ဖြတ် စားသောက်နေကြအတိုင်း ပြန်လည်တိုက်ခိုက်နေတဲ့ ရေဘုရင် မိကျောင်းနဲ့ ကုန်းဘုရင်ခြင်္သေ့တို့ရဲ့ အသက်လုပွဲကို တွေ့မြင်ရမှာပါ။
4 years Ago

February 9, 2017

မိကျောင်းကြီးနှင့် ခြင်္သေ့အုပ်စုကြားမှ ကြေက်မက်ဖွယ်တိုက်ပွဲ (ရုပ်သံ)

မိကျောင်းတွေဟာ ကုန်းနေရေနေသတ္တဝါတွေ ဖြစ်ကြပေမယ့် တောတွင်းမှာ ကျင်လည်ကျက်စားကြတဲ့ ခြင်္သေ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းတကောင်နဲ့ ခြင်္သေ့ ၃ ကောင်အုပ်စု ဘယ်လိုတိုက်ခိုက်ကြသလဲဆိုတာကို တွေ့ရမှာပါ။ မိကျောင်းဟာ ရေစပ်စပ်တနေရာမှာ ရှိနေခဲ့ပြီး သူ့ဘေးမှာတော့ ခြင်္သေ့ ၃ ကောင်က ဝိုင်းရံထားခဲ့တာပါ။ လျင်မြန်ဖျတ်လတ်တဲ့ ခြင်္သေ့တွေဟာ မိကျောင်းကို ခုန်အုပ်ဖို့ ဘယ်လိုကြိုးစားခဲ့သလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ မိကျောင်းက တွားသွားနေရင်းကနေ ပါးစပ်ကြီးကိုဟပြီး ခြင်္သေ့တွေကို ကိုက်ဖို့ ပြင်ဆင်ထားခဲ့တာပါ။ ခြင်္သေ့တွေဟာ မိကျောင်းအနီးကို တိုးကပ်လာရင်း ရုတ်တရက်ပဲ ခုန်အုပ်ကာ ရှေ့ကရော နောက်ကပါ ကိုက်ဆွဲခဲ့ကြချိန်မှာ မိကျောင်းဟာ ကိုယ်ကိုရမ်းခါပြီး ခြင်္သေ့တွေကို ပြန်လည်ကိုက်ခဲဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ ခြင်္သေ့တွေကို မကိုက်မိခဲ့သလို ခြင်္သေ့တွေဟာလည်း ထူထဲလွန်းတဲ့ မိကျောင်းရဲ့ အရေခွံကြောင့် ကိုက်ဆွဲခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ခြင်္သေ့တွေဟာ မိကျောင်းကို အမိအရ ကိုက်ခဲနိုင်ခဲ့ပြီး တိုက်ခိုက်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်နိုင်ပါတယ်။
4 years Ago
Up