မိကျောင်းကြီးနှင့် မကြောက်မလန့် အတူနေထိုင်သည့် ထိုင်းအမျိုးသား(ရုပ်သံ)
ဒီဗွီဘီ
ထိုင်းနိုင်ငံက အမျိုးသားတဦးဟာ အရွယ်ရောက်ပြီးသား မိကျောင်းတစ်ကောင်နဲ့ တအိမ်တ်ညး အတူနေကြောင်း OC သတင်းမှာဖော်ပြပါတယ်။
မိကျောင်းကို အိမ်မွေးတိရစ္ဆာန်တကောင်အဖြစ် မွေးမြူထားသူကတော့ အသက် ၅၃ နှစ်အရွယ် ခါနာ သစ်နာသစ်ဆိုသူဖြစ်ပါတယ်။
နာသစ်ဟာ ပစ်ဆာနူတော့မှာ နေထိုင်သူဖြစ်ပြီး ရွှေ (Thong) လို့ ခေါ်တဲ့ မိကျောင်းကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အိမ်ခေါ်ပြီး မွေးစားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀ တုန်းက နာသစ်ဟာ သူ့သားနှစ်ယောက်ကို နာခွန်ဆာဝန်မှာရှိတဲ့ မိကျောင်းမွေးမြူရေး စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲ့ဒီမှာ သူ့ကလေးတွေက မိကျောင်းတွေကို အလွန်ချစ်တာတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်အတွက် ရွှေ (Thong) နဲ့ ငွေ (Ngern) လို့ခေါ်တဲ့ မိကျောင်းလေး နှစ်ကောင်ကို ဝယ်ယူပေးခဲ့ပါတယ်။
ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ ငွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူဖို့ အဆင်မပြေဖူးဆိုတာ သိလာရတာကြောင့် သူ့ကို ခြံထဲက လှောင်အိမ်ထဲကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ဒါပေမယ့် ရွှေဆိုတဲ့ မိကျောင်းလေးကတော့ လူနေအိမ်မှာ အဆင်ပြေ အောင် နေထိုင်နိုင်ခဲ့တာကြောင့် သူ့ကိုတော့ အိမ်ထဲမှာပဲ ဆက်လက်မွေးမြူခဲ့ပါတယ်။
အခုချိန်မှာတော့ နာသစ် ရဲ့ သားနှစ်ယောက်လုံး အိမ်ထောင်ကိုယ်စီနဲ့ အိမ်က ထွက်ခွာသွားခဲ့ပေမယ့် ရွှေကတော့ နာသစ်အိမ်မှာ ရှိနေဆဲပဲဖြစ်ပါတယ်။
ဆယ်စုနှစ် နှစ်ခုကြာသံယောဇဉ်ကြောင့် နာသစ်က သူ့ကို တတိယသားအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒီအချိန်ကာလအတွင်း ရွှေဟာ တည်ငြိမ်အေးဆေးစွာနေလေ့ရှိပြီး ဘယ်သူ့ကိုမှလည်း ထိခိုက်နာကျင်စေခြင်းမရှိခဲ့ဘူးလို့ နာသစ်ကပြောပါတယ်။
ရွှေဟာ သူ့အတွက် အစာနဲ့ရေရှိနေသရွေ့ အိမ်ထဲက သစ်သားခုံအောက်မှာေ အးဆေးနေလေ့ရှိပေမယ့် မိကျောင်းတကောင်ဟာ အိမ်မွေးတိရစ္ဆာန်မဟုတ်မှန်း သိတဲ့ အတွက် သူ့ကို ထိတွေ့ကိုင်တွယ်ခြင်းတော့ မလုပ်ဘူးလို့ နာသစ်က ဒေသတွင်းသတင်းမီဒီယာတခုကို ပြော ပါတယ်။
နာသစ်ရဲ့ပတ်ဝန်းကျင်ကလည်း ရွှေရဲ့ ရန်မလိုမှုကို သိရှိထားပြီး ရွှေကို အိမ်အပြင်လမ်း ပေါ်မှာ တွေ့လေ့ရှိတိုင်း ရဲကိုဖုန်းဆက်အကြောင်းကြားရမယ့်အစား နာသစ်ကို ခေါ်ပြီး အိမ်ထဲပြန်ပို့ခိုင်းလေ့ရှိတယ်လို့ သိရပါတယ်။
ကောက်ကျစ်ရန်လိုတတ်လေ့ရှိတဲ့ မိကျောင်းတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် မမွေးမြူသင့်မှန်း လူတိုင်းလက်ခံထားပေမယ့် မိကျောင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းထားတာကတော့ နာသစ်တယောက်တည်း မဟုတ်ပါဘူး။
အင်ဒိုနီးရှားနိုင်ငံက မိသားစုတခုကလည်း ၂၀၀ ကီလိုမီတာလောက်ရှိတဲ့ မိကျောင်းကြီးတကောင် နဲ့ နှစ် ၂၀ နီးပါး အတူနေထိုင်တယ်လို့ သိရပါတယ်။
4 years Ago