မိကျောင်းအုပ်စု၏ အစာဖြစ်သွားရသည့် သနားစဖွယ်ဆင်ပေါက်ကလေး (ရုပ်သံ)

December 10, 2016

မိကျောင်းအုပ်စု၏ အစာဖြစ်သွားရသည့် သနားစဖွယ်ဆင်ပေါက်ကလေး (ရုပ်သံ)

ဆင်တွေဟာ အကြီးမားဆုံးသော ကုန်းနေနို့တိုက်သတ္တ၀ါတွေဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ကံဆိုးမိုးမှောင်ကျပြီး တခြားသတ္တ၀ါအုပ်စုတွေရဲ့ တိုက်ခိုက်ခံရပြီး သားကောင်အဖြစ် ပြောင်းလဲသွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကုန်းနေရေနေသတ္တ၀ါတွေဖြစ်တဲ့ မိကျောင်းအုပ်စုတစုရဲ့ အစာဖြစ်သွားရတဲ့ သနားစရာဆင်ပေါက်ကလေးကို တွေ့ရမှာပါ။ ဆင်ပေါက်ကလေးတွေဟာ ပျမ်းမျှအားဖြင့် အလေးချိန် ၁၀၀ ကီလိုဂရမ်လောက် ရှိပြီး တခြားအရွယ်ရောက်ပြီး ဆင်အုပ်စုတွေနဲ့အတူ အုပ်စုဖွဲ့သွားလာနေတတ်တာမျိုးပါ။ ရုပ်သံဗွီဒီယိုထဲမှာတော့ ရေအိုင်ထဲမှာ ဆင်ပေါက်ကလေးဟာ မိကျောင်းအုပ်စုတစုရဲ့ ဘယ်လိုတိုက်ခိုက်ခံရတယ်ဆိုတာတော့ မပါရှိဘဲ ဘေးက ပတ်လည်ဝိုင်းနေကြတဲ့ မိကျောင်းတွေဟာ ဆင်ပေါက်ကလေးကို အမဲ ဖျက်စားသောက်ဖို့ အသင့်ရှိနေခဲ့ကြပြီး ၀ိုင်းဝန်းနေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ ဆင်ကလေးကို ဘေးက မိကျောင်းတကောင်က ကိုက်ခဲ့ပြီး ပတ်ချာလည်လှည့်နေခဲ့ကာ တခြားမိကျောင်းတွေကပါ တစစနဲ့ ကိုက်ဖျက်စားသောက်ခဲ့ ကြတာပါ။ ဆင်တွေရဲ့ သက်တမ်းကို နှစ်ပေါင်း ၅၀ ကနေ ၇၀ ကြားလို့ သတ်မှတ်ကြပေမယ့် မှတ်တမ်းတွေအရ အသက်အကြီးဆုံးဆင်အဖြစ် ၈၂ နှစ်ထိရှိတယ်လို့ ဆိုပါတယ်။
5 years Ago
Up