မိုးကြီးနိုင်

August 25, 2018

မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့်တိုင်းအချို့မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ညနေပိုင်းအထိ ခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းမြောက်ပိုင်းနဲ့ ချင်း၊ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နဲ့ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေက ၁၀ ပေလောက် ရှိနိုင်ပါတယ်။ ဒီနေ့ ညနေပိုင်းအထိ ခန့်မှန်းချက်အရ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ မိုးတကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်၊ ရန်ကုန်မြို့နဲ့အနီးတဝိုက်အတွက် မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်၊ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago

August 18, 2018

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် မိုးကြီးနိုင်ဟု မိုးဇလ ထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အား အလွန်ကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၁၉ ရက်နေ့အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်း ပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေလောက်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၈ ပေလောက် ရှိနိုင်ပါတယ်။ နောက်၂ ရက်အတွင်းမှာလည်း တစ်ပြည်လုံး မိုးပိုမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ အနီးတ၀ိုက်တို့မှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးအသင့်အတင့်ရွာပြီး တခါတရံ သည်းထန်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
3 years Ago
Up