မိုးကြီးရေလျှံ

July 29, 2018

တရုတ်တွင် မိုးကြီးရေလျှံမှုကြောင့် လေယာဉ်ခရီးစဉ်တချို့ နှောင့်နှေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် နေရာအတော်များများမှာ မိုးကြီးရေလျှံဖြစ်နေပြီး လေယဉ်ခရီးစဉ်တချို့လည်း နှောင့်နှေးခဲ့ပါတယ်။ စီချွမ်းပြည်နယ် နင်ကျန်းမြို့ပြင် နေရာအတော်များများမှာ ဇူလိုင် ၂၆ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ပေါင်လယ်လောက်ထိ ရေကြီးနေပြီး စိုက်ခင်းအတော်များများ ရေနစ်မြုပ်နေပါတယ်။ ပြည်နယ်မြို့တော် ချန်ဒူမှာတော့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းကစပြီး တစ်နေ့လုံးနီးပါး မိုးကြီးခဲ့တာကြောင့် လေယဉ်ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီအတွက် ချန်ဒူမြို့နိုင်ငံတကာလေဆိပ်မှာ ခရီးသည် ၉ဝဝဝ ခန့် သောင်တင် နေခဲ့ပါတယ်။ တရုတ်နိုင်ငံ အခြားပြည်နယ် အတော်များများမှာလည်း မိုးကြီးမှုကြောင့် လေယဉ်ခရီးစဉ်တချို့ ရပ်ဆိုင်းထားရကြောင်း CCTV သတင်းအရ သိရပါတယ်။
3 years Ago
Up