မိုးကြိုးထိမှန် သေဆုံး

April 30, 2017

မြိတ်မြို့တွင် အမျိုးသားတဦး မိုးကြိုးထိမှန် သေဆုံး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ တောင်ဖီလာကျေးရွာရှိ လယ်ကွင်းတခုမှာ ဧပြီလ ၂၈ ရက် ညနေ ၅ နာရီလောက်က မိုးကြိုးထိမှန်ပြီး အမျိုးသားတဦး သေဆုံးသွားပါတယ်။ မြိတ်မြို့နယ်၊ တောင်ဖီလာကျေးရွာရှိ ဦးမြင့်လွင်ရဲ့ လယ်ကွင်းထဲမှာ ဦးမောင်လွင် (ခ) မောင်တိုး အသက် ၅၅ နှစ်ဟာ ငါးသွားရှာရာရင်း မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မြင့်လွင်က သေမှုသေခင်းနဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဇော်ဇော် (မြိတ်)
4 years Ago
Up