မိုးအောင်ရင်အမှု

February 8, 2019

သရုပ်ဆောင် မိုးအောင်ရင်အမှု အယူခံ အမိန့်ချမည်

မူးယစ်​ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်​ချမှတ်​ခံထားရတဲ့ သရုပ်​ဆောင်​ မိုးအောင်​ရင်​အမှု အယူခံလျှောက်​ထားမှုကို လာမယ့် ဖေဖော်​ဝါရီ ၂၇ ရက်​မှာ အမိန့်​ချမှတ်​သွားဖို့ ရှိပါတယ်​။ မိုးအောင်​ရင်​ကို ပုဇွန်​တောင်​မြို့နယ်​တရားရုံးက မူးယစ်​ဆေးဝါးနဲ့ စိတ်​ကိုပြောင်းလဲ စေသော ဆေးဝါးဆိုင်​ရာ ဥပဒေပုဒ်​မ (၁၅)၊ ပုဒ်မ(၁၆) (ဂ)နဲ့  ထောင်​ဒဏ်​ ၅ နှစ်​ ချမှတ်​ခဲ့ပြီး အရှေ့ပိုင်းခရိုင်​တရားရုံးက ထောင်​ဒဏ်​ ၁၂ နှစ်​ ချမှတ်​ခဲ့တာပါ။ အရှေ့ပိုင်းခရိုင်​တရားရုံးကနေ ချမှတ်​ထားတဲ့ ပြစ်​ဒဏ်​အတွက်​ ရန်​ကုန်​တိုင်းဒေသကြီး တိုင်းတရားရုံးကို အယူခံ ထပ်​မံတင်​ပြထားရာမှာ လာမယ့် ဖေဖော်​ဝါရီ ၂၂ ရက်​နေ့မှာတော့ တိုင်းတရားရုံးကနေ အယူခံလက်​ခံသင့် မခံသင့် အမိန့်​ချမှာ ဖြစ်​ပါတယ်​။
2 years Ago
Up