မိုးသောက်အလင်းရောင်ကြား ဂလိုက်ဒါဖြင့် ပထမဆုံး စတန့်ထွင်အလှပြစီး (ရုပ်သံ)

January 31, 2016

မိုးသောက်အလင်းရောင်ကြား ဂလိုက်ဒါဖြင့် ပထမဆုံး စတန့်ထွင်အလှပြစီး (ရုပ်သံ)

ပါရာဂလိုက်ဒါ စတန့်သမားတဦးဖြစ်တဲ့ ဟော်ရာစီရိုလော်ရန်ဟာ နော်ဝေနိုင်ငံရဲ့ လှပတဲ့ မြောက်ပိုင်း မိုးသောက်အလင်းရောင်တွေကြားမှာ ဂလိုက်ဒါယာဉ် အသုံးပြုပြီး စတန့်ထွင် စီးနင်းပြခဲ့ပါတယ်။ သူဟာ လှပတဲ့ အဲဒီအလင်းရောင်တွေကြားမှာ ဂလိုက်ဒါကို လူးလာခေါက်တုံ့ လှည့်ပတ်မောင်းကာ ကပြပျံသန်းခဲ့တာကို တယ်လီဂရပ်ဖ်သတင်းက ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဟော်ရာစီရိုလော်ရန်ဟာ ကမ္ဘာလှည့်ကာ စီးနင်းပြနိုင်တဲ့ ပါရာဂလိုက်ဒါ စီးနင်းသူ ပညာရှင်ဖြစ်ပြီး ဒါဟာ သူ့အတွက် ပထမအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့အစ်ကိုဖြစ်သူဟာလည်း ပါရာဂလိုက်ဒါ စတန့်သမားတဦးဖြစ်ကာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကွယ်လွန်သွားခဲ့တာပါ။ “ညမှာ ကြယ်တွေနဲ့အတူ ပျံသန်းနေရချိန်မှာ ကျနော့်အတွက် သူ့ကိုတွေးဖို့ ဖြစ်စေပါတယ်။ ကျနော် လေထဲ စီးနင်းနေချိန်မှာ သူဟာ ကျနော်တို့နဲ့အတူ ရှိနေတယ်လို့ ထင်မိပါတယ်။” ခုလို ရင်သပ်ရှုမောဖွယ်ရာ လှပတဲ့ပုံတွေ ရရှိနိုင်ဖို့ သူဟာ အပူချိန် ၁၅ ဒီဂရီလောက်မှာ နာရီပေါင်းများစွာ စောင့်ခဲ့ရတာဖြစ်ပြီး ဒါကို သူက “မိုးသောက်ပန်းနှင့် ကခုန်ခြင်း” လို့ တင်စားပြောဆိုခဲ့ပါတယ်။
6 years Ago
Up