မိုးလေ၀သ

February 15, 2017

ပြည်နယ်တိုင်း ၇ ခုတွင် အချိန်အခါမဟုတ် မိုးရွာမည်

  နေပြည်တော် အပါအ၀င် ပြည်နယ်တိုင်း ၇ ခုမှာ အချိန်အခါမဟုတ်မိုး ရွာနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ အချိန်အခါမဟုတ်မိုး ရွာနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း  နေပြည်တော်မှာ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာခဲ့တယ်လို့ မိုးလေ၀သသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up