မိုးမျှော်အဆောက်အအုံစွန်းတွေပေါ် သက်စွန့်ဆံဖျား ဓာတ်ပုံရိုက်ခဲ့သည့် ရုရှားပျိုဖြူ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 20, 2016

မိုးမျှော်အဆောက်အအုံစွန်းတွေပေါ် သက်စွန့်ဆံဖျား ဓာတ်ပုံရိုက်ခဲ့သည့် ရုရှားပျိုဖြူ (ရုပ်သံ)

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ရုရှားနိုင်ငံသူ အန်ဂျလာ နီကိုလာဟာ Roofing လို့ခေါ်တဲ့ အထပ်မြင့်အဆောက်အအုံတွေရဲ့ အစွန်းမှာ သက်စွန့်ဆံဖျား ဓာတ်ပုံတွေ ရိုက်ရတာကို အရူးအမူးစွဲလန်းသူတယောက်ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ အသည်းယားစဖွယ် ရင်သပ်ရှုမောခံစားရမယ့် စတန့်ထွင် သရုပ်ပြမှုတွေကို တွေ့ရမှာပါ။ ဒါဟာ သူနဲ့ ချစ်သူ အိုင်ဗန် ဘီယားကပ်စ်တို့ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံခရီးစဉ် တွေဆီ သွားခဲ့ချိန်မှာ ရိုက်ကူးခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အန်ဂျလာက သူ့အနေနဲ့ ရင်ဖိုစိတ်လှုပ်ရှားရတာတွေကို နှစ်သက်ပြီး ခုလိုလုပ် ဆောင်ရတာကို သဘောကျတယ်လို့ ပြောပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ကြည့်ရှုသူ ၃ သိန်း၊ ၃ သောင်း၊ ၆ ထောင်ကျော်ရှိခဲ့တာပါ။ အန်ဂျလာက “ကျမက ဆူညံနေတဲ့မြို့တွေကို စီးမိုးမြင်ရတဲ့ အထပ်မြင့်အဆောက် အအုံစွန်းတွေ ပေါ်က နေထွက်ချိန်၊ နေ၀င်ချိန်တွေကို ကြည့်ရှုခံစားရတာကို နှစ်သက်ပါ တယ်”လို့ ပြောပါတယ်။
4 years Ago
Up