မလေးရှားနိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော် ပူထရာ ဂျာယာမှာ လေထုညစ်ညမ်းမှု ထိန်းချုပ်ဖို့နဲ့ မီးခိုးမြူထူတွေ သက်သာ လျော့ပါးစေဖို့ အစိုးရက စက်တင်ဘာ ၁၆ရက်မှာ မိုးအတုရွာအောင် တိမ်အတုမွေးပြီး လုပ်နေပါတယ်။
ရာနဲ့ချီတဲ့ ကျောင်းတွေကို ပိတ်ထားရပြီး ဘော်နီယိုကျွန်း စာရာဝတ် ခရိုင်ထဲကို မျက်နှာဖုံး ၅ သိန်း ဝေပေးထားရပါတယ်။
ပူထရာဂျာယာ အပါအဝင် မလေးရှားနိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ လေထု အရည်အသွေးဟာ အင်မတန် မကျန်းမာစေတဲ့ အဆင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု ညွှန်းကိန်း ၂၀၃ ကို ရောက်တဲ့အထိ မီးခိုးမြူတွေ ရစ်သိုင်းနေတာပါ။
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ စူမားတြားနဲ့ ကလီမန်တန်ခရိုင်တွေမှာတော့ တောမီး ဆက်လောင်နေတာပါ။ နှစ်စဉ် ခြောက်သွေ့ရာသီ ရောက်တိုင်း လယ်သမားတွေက ဆီအုန်းနဲ့ ပျော့ဖတ်ပင်တွေ စိုက်ပျိုးနိုင်ရေး မြေရှင်းဖို့ တောမီးရှို့ကြလို့ အိမ်နီးချင်းနိုင်ငံတွေဆီ လေသင့်ပြီး မီးခိုးတွေ ရောက်လာလေ့ ရှိပါတယ်။ ဒါကြောင့် မီးခိုးမြူထူတွေနဲ့ ပတ်သက်ပြီး ပုံမှန် မကျေမနပ် ပြောနေကျပါ။
အင်ဒိုနီးရှား အစိုးရကတော့ စွဲချက်ကို ငြင်းဆန်ရင်း တောမီးကို တခြားနိုင်ငံတွေက စရှို့တာလို့ တုံ့ပြန်ပြောဆိုလေ့ ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
မီးခိုးျမဴထူမ်ား သက္သာ ေလ်ာ့ပါးေစေရး မိုးအတု႐ြာေအာင္ မေလးရွားအစိုးရ လုပ္ေဆာင္
မေလးရွားႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရး ၿမိဳ႕ေတာ္ ပူထရာ ဂ်ာယာမွာ ေလထုညစ္ညမ္းမႈ ထိန္းခ်ဳပ္ဖို႔နဲ႔ မီးခိုးျမဴထူေတြ သက္သာ ေလ်ာ့ပါးေစဖို႔ အစိုးရက စက္တင္ဘာ ၁၆ရက္မွာ မိုးအတု႐ြာေအာင္ တိမ္အတုေမြးၿပီး လုပ္ေနပါတယ္။
ရာနဲ႔ခ်ီတဲ့ ေက်ာင္းေတြကို ပိတ္ထားရၿပီး ေဘာ္နီယိုကြၽန္း စာရာဝတ္ ခ႐ိုင္ထဲကို မ်က္ႏွာဖုံး ၅ သိန္း ေဝေပးထားရပါတယ္။
ပူထရာဂ်ာယာ အပါအဝင္ မေလးရွားႏိုင္ငံရဲ႕ အစိတ္အပိုင္းေတြမွာ ေလထု အရည္အေသြးဟာ အင္မတန္ မက်န္းမာေစတဲ့ အဆင့္ျဖစ္တဲ့ ေလထုညစ္ညမ္းမႈ ၫႊန္းကိန္း ၂၀၃ ကို ေရာက္တဲ့အထိ မီးခိုးျမဴေတြ ရစ္သိုင္းေနတာပါ။
အိမ္နီးခ်င္း အင္ဒိုနီးရွားႏိုင္ငံ စူမားၾတားနဲ႔ ကလီမန္တန္ခ႐ိုင္ေတြမွာေတာ့ ေတာမီး ဆက္ေလာင္ေနတာပါ။ ႏွစ္စဥ္ ေျခာက္ေသြ႕ရာသီ ေရာက္တိုင္း လယ္သမားေတြက ဆီအုန္းနဲ႔ ေပ်ာ့ဖတ္ပင္ေတြ စိုက္ပ်ိဳးႏိုင္ေရး ေျမရွင္းဖို႔ ေတာမီးရႈိ႕ၾကလို႔ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ေလသင့္ၿပီး မီးခိုးေတြ ေရာက္လာေလ့ ရွိပါတယ္။ ဒါေၾကာင့္ မီးခိုးျမဴထူေတြနဲ႔ ပတ္သက္ၿပီး ပုံမွန္ မေက်မနပ္ ေျပာေနက်ပါ။
အင္ဒိုနီးရွား အစိုးရကေတာ့ စြဲခ်က္ကို ျငင္းဆန္ရင္း ေတာမီးကို တျခားႏိုင္ငံေတြက စရႈိ႕တာလို႔ တုံ႔ျပန္ေျပာဆိုေလ့ ရွိပါတယ္။
1 year Ago