မိုးသီးတွေ

A d v e r t i s e m e n t With Us

May 19, 2019

မိုးသီးတွေနဲ့ ပြည်နှက်ခဲ့တဲ့ လာဗီနီယိုမြို့

မိုးသည်ထန်စွာရွာခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် အီတလီနိုင်ငံ လာဗီနီယိုမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်မှာလည်း မိုးသီးမိုးပေါက်တွေဟာ လာဇီယိုဒေသအတွင်းက မြို့အတွင်းမှာ ပြည့်နှက်နေခဲ့တာ မြင်တွေ့ခဲ့ရပါ တယ်။ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဖြစ်ရပ်ဟာ မိုးသီးမုန်တိုင်းတခုကြောင့် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပြီး မုန်တိုင်းကြောင့် လမ်းတွေနဲ့ ကမ်းခြေတွေမှာလဲ မိုးသည်းတွေနဲ့ ပြည့်နှက်ခဲ့ရတယ်လို့ သိရပါတယ်။ “ကျနော်တို့ ဒီဖြစ်ရပ်ကို မယုံနိုင်သေးပါဘူး။ ဒီလိုရာသီဥတုအခြေအနေမျိုးကို ကျနော့် တသက်တခါမှ မကြုံခဲ့ဖူးပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ကျနော်တို့ လာဗီနီယိုမြို့ရဲ့ ရာသီဥတုက သာယာ လေ့ရှိပါတယ်” လို့ လာဗီနီယို ဒေသခံတဦးက ပြောပါတယ်။
2 years Ago
Up