မိုးသည်းထန်ရေကြီး

August 30, 2019

မော်ရိုကိုတွင် မိုးသည်းထန်ရေကြီး၍ ၇ ဦး သေဆုံး

မော်ရိုကိုနိုင်ငံ တောင်ပိုင်း တာဟူဒွန်ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးနေတာကြောင့် သြဂုတ် ၂၈ ရက်နေ့က လူ ၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူ အများစုဟာ ရေခန်းနေတဲ့ မြစ်ဘေးက ကွင်းပြင်မှာ ဘောလုံးပွဲကြည့်နေရင်း ရေစီးနဲ့ မျောပါခဲ့တယ်လို့ သိရပါတယ်။ အသက်ရှင်နေသူတွေကို ဆက်ရှာဖွေနေတယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ တာဟူဒွန်ဟာ မြို့တော် ရာဘတ်ကနေ ကီလိုမီတာ ၆၀၀ အကွာမှာ တည်ရှိပါတယ်။ အစ်ရာဟမ်မြို့မှာ လမ်းတွေထဲ ရေကြီးနေတာကို တွေ့ရပြီး မော်တော်ကားတွေ ရေနစ်မြုပ်နေပါတယ်။ အန်တီအက်လက်စ်လို့ ထင်ရှားတဲ့ မော်ရိုကိုတောင်ပိုင်း တောင်တန်းဒေသဟာ ခြောက်သွေ့တဲ့အရပ်ဖြစ်ပြီး နွေရာသီမှာ မိုးရေရတာမျိုး ရှားပါးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ေမာ္႐ိုကိုတြင္ မိုးသည္းထန္ေရႀကီး၍ ၇ ဦး ေသဆုံး DVB ေမာ္႐ိုကိုႏိုင္ငံ ေတာင္ပိုင္း တာဟူဒြန္ျပည္နယ္မွာ မိုးသည္းထန္ၿပီး ေရႀကီးေနတာေၾကာင့္ ၾသဂုတ္ ၂၈ ရက္ေန႔က လူ ၇ ေယာက္ထက္မနည္း ေသဆုံးတယ္လို႔ ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။ ေသဆုံးသူ အမ်ားစုဟာ ေရခန္းေနတဲ့ ျမစ္ေဘးက ကြင္းျပင္မွာ ေဘာလုံးပြဲၾကည့္ေနရင္း ေရစီးနဲ႔ ေမ်ာပါခဲ့တယ္လို႔ သိရပါတယ္။ အသက္ရွင္ေနသူေတြကို ဆက္ရွာေဖြေနတယ္လို႔လည္း အာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။ တာဟူဒြန္ဟာ ၿမိဳ႕ေတာ္ ရာဘတ္ကေန ကီလိုမီတာ ၆၀၀ အကြာမွာ တည္ရွိပါတယ္။ အစ္ရာဟမ္ၿမိဳ႕မွာ လမ္းေတြထဲ ေရႀကီးေနတာကို ေတြ႕ရၿပီး ေမာ္ေတာ္ကားေတြ ေရနစ္ျမဳပ္ေနပါတယ္။ အန္တီအက္လက္စ္လို႔ ထင္ရွားတဲ့ ေမာ္႐ိုကိုေတာင္ပိုင္း ေတာင္တန္းေဒသဟာ ေျခာက္ေသြ႕တဲ့အရပ္ျဖစ္ၿပီး ေႏြရာသီမွာ မိုးေရရတာမ်ိဳး ရွားပါးတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up